
နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နံနက် ၇ နာရီတွင် ရန်ကုန်မြို့၊ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပါကြောင်း ကြားသိရလို့ လွန်စွာစိတ်ထိခိုက်ရပါတယ်။ ဒါဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်လို့ ပြည်တွင်းပြည်ပမှ ဆရာတော်ဘုရားကြီး၏ တရားနာပရိသတ်များ၊ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသား အားလုံးနှင့်ထပ်တူထပ်မျှ အထူးပင် ၀မ်းနည်းကြေကွဲခြင်းဖြစ်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
Read more...
Tuesday, November 24, 2009
ဖြူးဆရာတော်ဘုရားကြီးအတွက် ၀မ်းနည်းကြောင်း
Monday, October 5, 2009
နာမည်ကျော်ကြား အမျိုးသမီး ဘလော့ဂါများ
ဘလော့သူဌေးတွေ အများစုဟာ ယောက်ျားတွေပဲ ဖြစ်နေလို့ အမျိုးသမီးဘလော့ဂါတွေရော ဆိုတဲ့ မေးခွန်းက ပေါ်လာပြန်တယ်။ ဒီအတွက်အဖြေက ရှင်းပါတယ်။ ဘလော့ဂါဆိုတာ ယောက်ျားတွေအတွက်သာ မဟုတ်ပဲ အမျိုးသမီးတွေအတွက်ပါ ဘလော့ဂါဖြစ်လာကြဖို့ အခွင့်အရေးရှိတယ် ဆိုတာပါပဲ။ လွတ်လပ်မှုအမျိုးအစားထဲမှာ အမျိုးသမီးတွေ သမ္မတဖြစ်ခွင့်ရှိပါတယ်။ အခုလည်းပဲ အမျိုးသမီးတွေဟာ ဘလော့ဂါလုပ်ခွင့်ရှိပါတယ်။ တကယ်တော့ အောင်မြင်တဲ့ အမျိုးသမီးဘလော့ဂါတွေ တစ်ပုံကြီးပါ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကြားထဲမှာ ဘယ်သူဟာ အကောင်းဆုံးအရည်အခြင်းတေ ပိုပြီွးရှိကြတယ်ဆိုတာမျိုး မနိုင်းယှဉ်ပါဘူး။ အမျိုးသားရော အမျိုးသမီးပါ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ဆီကနေ ပရောဖက်ရှင်နယ် ဘလော့ဂါတွေ ဖြစ်အောင် ဘယ်လို လုပ်နိုင်ကြတယ်ဆိုတာ လေ့လာနိုင်ကြမှာ။ အဲ့ဒီဘလော့တွေဆီသွားလည်ပြီး သတင်းအချက်အလက်တွေ အများကြီး ရယူနိုင်ကြမှာပါ။ ဘလော့ဆိုပေမယ့် စီးပွားရေး မဟာဗျူဟာတွေ၊ စီးပွားရေး စီမံကိန်းတွေကို ဘလော့ကနေ စလို့ရတယ်။ ကိုယ့်ဆီ ဧည့်သည်များများလာမယ်၊ တင်ထားတဲ့ ပို့စ်ကလည်း ကောင်းမယ်ဆိုယင် ပြောစရာမလိုဘူး။ ဘလော့ပေါ်မှာ တင်ထားတဲ့အကြောင်းအရာများဟာ ဘလော့ရေးသူအတွက်ရော ဘလော့ဖတ်သူအတွက်ရော နှစ်ဦးနှစ်ဘက်စလုံးအတွက် အကျိုးရှိပါတယ်။ ကဲကဲ ပြောနေတာ ကြာတယ် နာမည်ရအမျိုးသမီး ဘလော့ဂါ ၅ယောက်နဲ့ မိတ်ဆက်ပေးမယ်။ Ana Marie Cox ဆိုတဲ့အမျိုးသမီးကတော့ wonkette.com မှာ အယ်ဒီတာချုပ် တစ်ယောက်ပါ။ သူမရဲ့ နိုင်ငံရေးအတင်းအဖျင်းဘလော့နဲ့ သူမနဲ့ လိုက်ဘက်ပါတယ်။ အရေးအသားတွေက တစ်ခါတစ်ရံမှာ ခပ်ချွန်ချွန် နဲ့ တစ်ခါတစ်ရံမှာ ထေ့လုံး ငေါ့လုံးတွေ အသုံးအနှုံးတွေ ဖောင်းပွလို့ နေတတ်ပါတယ်။ အခုတော့ သူမရဲ့ဘလော့ဟာ ၀ါရှင်တန်မှာ အရှိန်အ၀ါ၊ သြဇာလွှမ်းမိုးမှုအရှိဆုံးဘလော့ ဖြစ်လို့နေပါပြီ။ သူမဟာ တိုင်းမဂ္ဂဇင်းနဲ့ ဘလော့တိုင်းတို့မှာလည်း စာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။ Gina Trapani ဆိုတဲ့အမျိးသမီးကတော့ lifehacker.com ရဲ့ ပိုင်ရှင်ဖြစ်သလို အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။ သူမရဲ့ ဘလော့ဟာ တစ်လကို page view ပေါင်း ၇ သန်းရှိတဲ့ အထင်ကရဘလော့တစ်ခုပါ။ သူမဘလော့မှာ နည်းပညာနဲ့ ကိုယ်တိုင် ကုန်ထုတ်နိုင်မှုစွမ်းအား များကို အဓိကထား ဆွေးနွေးပါတယ်။ ဒါ့အပြင် ထိပ်တန်း မဂ္ဂဇင်းကြီးများဖြစ်တဲ့ Wired ၊ Popular Science ၊ PC World ၊ dan MacWorld တို့မှာလည်း နည်းပညာနဲ့ ပတ်သက်ပြီး ရေးသားနေပါတယ်။ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Upgrade Your life: The Lifehacker Guide to Working Smarter, Faster, Better စာအုပ်ရဲ့ စာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။ Michelle Malkin ကတော့ အမေရိကန်မှာ ဘလော့ဂါ တစ်ဦးအဖြစ်နဲ့ပါ မက ရုပ်သံနဲ့ ရေဒီတွေမှာလည်း နိုင်ငံရေးအစီရင်ခံတင်ဆက်သူအဖြစ်တွေ့ကြရမှာပါ။ အကြီးအကျယ်ဆုံးဘလော့ကို သူမပိုင်ပါတယ်။ သူမဘလော့ကတော့ MichelleMalkin.com ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း page view ပေါင်း ၂၀၀.၀၀၀ ထိရှိပါတယ်။ အမျိုးသမီးတွေ ပိုင်တဲ့ဘလော့တွေထဲမှာ သူမဘလော့ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ Ariana Huffington ဟာ HuffingtonPost.com ကိုတည်ထောင်သူ တစ်ဦးဖြစ်သလို ၄င်းဆိုက်ရဲ့ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ဘလော့ဟာ အအောင်မြင်ဆုံး ဘလော့ပါ။ သူမကိုယ်တိုင်လည်း အအောင်မြင်ဆုံး အမျိုးသမီးပါ။ Technorati ရဲ့ တစ်ရာစာရင်းမှာ သူမဘလော့ဟာ ထိပ်ဆုံးက ရှိနေတာဟာ သက်သေပါ။ ဒီဘလော့ကနေ သူမဟာ ၀င်ငွေကောင်းကောင်း ရရှိနေပါတယ်။ တစ်လကို ဒေါ်လာ ဂဏန်း ၇ လုံးလောက် ၀င်ငွေရှိတယ်လို့ ဆိုပါတယ်။ Mary Hodder ကတော့ Dabble.com ပိုင်ရှင်ပါ။ Barkeley တက္ကသိုလ်ကျောင်းဆက် တစ်ယောက်ဖြစ်ပါတယ်။ ဘလော့ကနေ သူမဟာ လူတွေကို သူမသိတဲ့ နည်းပညာတွေကို ဖြန့်ဖြူးပေးနေပါတယ်။ လက်တွေ့အသုံးချပြရတဲ့ နည်းပညာနဲ့က သူမမှာ အတွေ့အကြုံရှိပြီးသား။ လက်မနှစ်ချောင်းထောင်နိုင်တယ်။ အွန်လိုင်းမှာ ဒေတာဘေ့စ် ဘယ်လို လုပ်မလဲ သိချင်ရင် သူမဆီသွား။










