အတွေးသစ်၊ အမြင်သစ်၊ စနစ်သစ်

ဤဘလော့အား အတွေးသစ်၊ အမြင်သစ်၊ စနစ်သစ်များဖြင့် ရေးသားသွားချင်တယ်။
နိုင်ငံရေး အမည်ဖြင့် လုပ်စားနေကြသူများကို မျက်ကွယ်ပြု၍ နိုင်ငံ့အရေး အမည်ဖြင့် အရေးအကြီးဆုံးအရာများအတွက် လုပ်ဆောင်နေကြသူမှန်သမျှကို အလေးပြုလျက်။
၂၀၀၇ စက်တင်ဘာမှတ်တမ်းများ၊ ၂၀၀၈ နာဂစ်မှတ်တမ်းများရောပါမကျန် အားလုံးကို delete လုပ်လိုက်ပါပြီ။ နှမျှောမိတာတော့အမှန်ပဲ။
အာရုံကြောတွေအထိခိုက်ခံပြီး ရေးသားခဲ့ရတဲ့၊ စုစည်းခဲ့ရတဲ့ သတင်းဓါတ်ပုံ၊ ဆောင်းပါးမျိုးတွေကို နောက်ထပ်ရေးသားနိုင်ဖို့အတွက်ဆိုတာ မဖြစ်နိုင်တော့ပါ။
ဒါပေမယ့်လည်း သူများဟာကို ကိုယ့်ဟာလုပ်နေကြတဲ့ဘလော့တွေကြားထဲမှာ အားကုသိုလ်တွေ အတုံးလိုက်အတုံးလိုက် မပွားချင်ပါ။ ပြောရရင်လည်း ကိုအောင်မင်း လွန်တယ် လွန်တယ်။
အဲ့ဒီတော့ ကျုပ်လမ်းကြောင်းထပ်ပြောင်းမယ်။ ဒါကတော့ ကျုပ်လုပ်နေကြအလုပ်ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဒေါက်တာ ကေဆရီဓမ္မာနန္ဒ၊ ဒေါက်တာ ဝေပိုလ ရဟုလာတို့ရဲ့ တရားဓမ္မများတင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကွန်ပျူတာပရိုဂရမ်မင်းအကြောင်းများတင်ခဲ့ပါတယ်။ အထူးသဖြင့် Python အကြောင်းကို အသားပေးပြီးတင်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်ဆန်းပိုင်းမှာ ဗိုင်းရပ်စ်နှင့်ဆိုင်တဲ့ပို့စ်တွေကိုတင်ခဲ့ပါတယ်။ ၂၀၀၇စက်တင်ဘာမှာ သိရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များဘလော့ကို ဖန်တီးရင်း မြန်မာစာကိုတောင်ရိုက်မြောက်ရိုက် တတ်ခဲ့ပါတယ်။ စွမ်းအားရှင်ဆရာတော်များကို ဖော်ထုတ်ပေးခဲ့ရာကနေ စာများရေးအားကောင်းလာခဲ့ပါတယ်။ ယခုမိမိဘလော့ကိုလည်း သတင်းဘလော့အဖြစ်ပုံစံသွင်းခဲ့ပါတယ်။ ဆက်လက်ပြီး အားမရလို့ အင်္ဂလိပ်ဘလော့ကိုပါ ထပ်တိုးချဲ့ခဲ့ပါတယ်။ Broken အင်္ဂလိပ်နှင့် မိတ်ဆက်ခဲ့ရာမှာ The Sun News အယ်ဒီတာ Stephen Fox နှင့် ရင်းနီးခဲ့ပါတယ်။ လွတ်တော်အမတ်အပါအ၀င်တစ်ခြား အရေးပါသူများကိုပါ ဒီဘလော့ကနေ တွေ့ဆုံနိုင်အောင်ဖန်းတီးပေးခဲ့တာပါ။၂၀၀၈ခုနှစ်အတွင်းမှာ အားဆေးနဲ့အိပ်ဆေးဟာ သက်စောင့်ဆေးများဖြစ်ခဲ့ပါတယ်။ နာဂစ်မဖြစ်ခင်ရက်ပိုင်းအလိုမှာ ဆေးရုံတက်ခဲ့ပါတယ်။ ဆေးရုံတက်နေစဉ်အတွင်း ထိုင်းနိုင်ငံချင်းမိုင်ကိုရောက်ရှိနေတဲ့ CSW မှ Benedict Rogers က နာဂစ်သတင်းကို ဖုန်းမက်ဆေ့များပို့ပေးခဲ့လို့ ပိုမိုသိရှိခွင့်ရခဲ့တာပါ။ အားမရတဲ့အဆုံး ၃လတက်ရမည့်ဆေးရုံကို ၂ပတ်အတွင်းနဲ့ ဆင်းခဲ့တာပါ။ ဆေးရုံမှာ ကွန်ပျူတာသုံးတဲ့အပြစ်ရယ်၊ သတ်မှတ်ချက်လပြည့်အောင်မတက်ခဲ့တဲ့အပြစ်ရယ်ကြောင့် ၄င်းဆေးရုံက နောက်ထပ်တက်ခွင့်မပြုတော့ပါ။ "သာဓု သာဓု" လို့ဆိုရမှာပါ။
ကျောင်းပြန်ရောက်ပြီး နာဂစ်သတင်းများကို စတင်ရေးသားလာခဲ့ပါတယ်။ NP, Daily Otago, Transworld News, Instantblogtv, CJreport, OpEdNews တို့မှာ သတင်းဆောင်းပါးများရေးသားခဲ့ပါတယ်။ NP ရဲ့ News Wrangler အထိရောက်ခဲ့ပါတယ်။ News Wrangler ဆိုတာ အယ်ဒီတာလောင်းဖြစ်ပါတယ်။ NP ရဲ့ပေါ်လစီအရ Bronze member အဖြစ်ကနေစတင်ရေးသားရပါတယ်။ ရာနဲ့ချည်တဲ့ Bronze member ကိုကျော်ဖြတ်နိုင်ရင် Silver member ကိုရောက်ရပါမယ်။ အဒီကလူတွေကိုထပ်ပြီးကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ Golden member ပါ။ Golden memberyဖြစ်နေပြီဆိုရင် ကွန်မန့်တွေရမ်းမပေးရပါဘူး။ မျက်နှာမလိုက်ရပါဘူး။ Golden member တွေကို အထက်အယ်ဒီတာတွေက လေ့လာအကဲခတ်နေကြပါတယ်။ သူတို့က သဘဘောကျပြီဆိုရင် News Wrangler ရာထူးကိုလက်ခံဖို့ တောင်းဆိုပါတယ်။ News Wrangler တို့ရဲ့အလုပ်ဟာ သတင်းသမားတွေကိုစောင့်ကြည့်တဲ့အလုပ်ဖြစ်ပါတယ်။ အရေးကြီးတဲ့သတင်းမျိုးတွေကို Frontpage ကိုရောက်အောင်ကူညီရသလို၊ သတင်းတွေဟာ ကိုယ်တိုင်ရေးဟုတ်မဟုတ်၊ အကိုးအကားပါမပါ စတာတွေကိုကြီးကြပ်လုပ်ဆောင်ပေးရပါတယ်။ အဲ့ဒါတွေကို ကျွမ်းကျင်သွားပြီဆိုရင် သင်ဟာ ကမ္ဘာအရပ်ရပ်က ထောင်ပေါင်းများစွာသော သတင်းသမားတွေကို တည်းဖြတ်ကြီးကြပ်ရတဲ့ NP ရဲ့အယ်ဒီတာဖြစ်ပါပြီ။ ကိုယ်က အယ်ဒီတာဆိုပြီး ကိုယ့်ကိုလာလာကြူနေကြတဲ့အောက်ကလူတွေကို မျက်နှာလိုက်ပြီးအမှတ်တွေပေးဖို့မစဉ်းစားနဲ့။ ရက်ပိုင်းအယ်ဒီတာဖြစ်သွားမယ်။ NP ဟာ ဒီမိုကရေစီမဟုတ်ပါဘူးတဲ့။
အဲ့လို အဲ့လိုနဲ့ OpEdNews ပိုင်ရှင် Rob Kall နဲ့ရင်းနီးလာပြန်တယ်။ သူ့သတင်းဌာက ရေးသမျှသတင်းကို Google ကယူတာ ပေးနေတာပါ။ ကိုယ့်မြန်မာသတင်းကိုပြန့်စေချင်တဲ့အတွက် သူ့ဆီမှာဆက်လက်ရေးဖြစ်သွားပါတယ်။ မြန်မာသတင်းနဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့သတင်းတွေကို အဲ့ဒီဌာနမှာရေးသားနေတာ ကျုပ်ဟာ ပထမဦးဆုံးဆိုရင် မှားမယ်မထင်ပါဘူး။ သူ့သတင်းဌာနက အမေရိကန်တွေအတွက် အဓိကထားတာပါ။ နောက်ပိုင်းမှာ မြန်မာသတင်း၊ ဗုဒ္ဓဘာသာသတင်းတစ်ချို့ကို လာရောက်ရေးသားနေသူတွေကို အနည်းငယ်တွေ့ခဲ့ရပါတယ်။ ရေးသူနည်းနည်းခြင်းတိုးပွားလာနေသည့်အတွက် Rob Kall မှ မြန်မာစံတော်ချိန်နဲ့သတင်းတွေကို ဖြန့်နိုင်အောင်စီစဉ်ခဲ့တာမို့ မိမိဟာလည်း SE/Burma အယ်ဒီတာဖြစ်လာခဲ့ပါတယ်။
၂၀၀၈ နှစ်ကုန်ပိုင်းမှာ မိမိကိုယ်ပိုင်ဆိုက်ထောင်ပြီး Google အဖွဲ့နဲ့ဆက်သွယ်ပါတယ်။ သူတို့အသိမှတ်ပြုသွားပြီးနောက် မိမိအနေဖြင့် မည်သည့်သတင်းဌာနကို သွားရောက်စရာမလိုပဲ မိမိဆိုက်က သတင်းကို Google သတင်းက မိနစ်ပိုင်းအတွင်းမှာ include လုပ်ဆောင်ပေးနေပါတယ်။ မိမိပိုင်ဆိုင်တဲ့ဆိုက်နဲ့ ဘလော့က တင်သမျှသတင်းတိုင်းကို Google News, NewsNow, Reuters, The Sun, MSNBC တို့က Include လုပ်ပေးနေတာဟာ OpEd ပြီးရင် ဒုတိယနေရာမှာရှိနေပါသေးတယ်။ ရလေလိုလေ လို့ပဲဆိုရမလား။ Yahooကိုချည်းကပ်မှုတွေအဆင်ပြေပြီဆိုရင် မိမိလက်ကိုအညောင်းခံတော့မှာမဟုတ်ပါ။ အားလုံးကို လွတ်လပ်စွာရေးသားသွားနိုင်အောင် စီစဉ်သွားမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘလော့ကိုလည်း စမ်းသပ်နေတာ ပို့စ်သုံးခုထိ Google သတင်းပေါ်ရောက်အောင်လုပ်ပေးခဲ့ပါတယ်။ လောလောဆည်မှာဓါတ်ပုံတွေကို မယူနိုင်သေးတာကြောင့် လင့်တွေပြန်လည်ပြင်ဆင်နေပါတယ်။ ဘလော့သာအောင်မြင်လာပြီဆိုရင် ငွေးအမြောက်အများပေးနေရတဲ့ ၀က်ဆိုက်တွေကို ၀မ်းနည်းပါတယ်လို့ ပြောချင်ပါတယ်။
ဒါပဲ။ နောက်မှဆက်ရေးမယ်။

Filed Under:

About the Author

Ashin Mettacara