Best Myanmar Blog of the Week Award
Ashin Mettacara
|
Saturday, March 7, 2009
|
အပါတ်စဉ် တစ်ပါတ်တာအတွက် အကောင်းဆုံးဘလော့ဆု ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ အကြောင်းအရာမျိုးစုံ အမျိုးမျိုးရေးသားနေကြတဲ့ ဘလော့တွေထဲကမှ အကောင်းဆုံးလို့ လက်ခံနိုင်လောက်တဲ့ဘလော့ကို ရွေးချယ်ပေးသွားမှာပါ။ ရွေးချယ်ခံရတဲ့ဘလော့ကို ဘာကြောင့်ရွေးရတယ်ဆိုတာကိုလည်း သုံးသပ်ပြသွားဖို့ရှိပါတယ်။ တစ်လအတွင်း လေးကြိမ်ဆက်တိုက်ရရှိပါက တစ်လတာအတွက်အကောင်းဆုံးဘလော့ဟု ထပ်မံရွေးချယ်ပါမယ်။ မဲအများဆုံးနဲ့ အကောင်းဆုံးဆုရတဲ့ဘလော့ကို Best Myanmar Blog of the Week Award စာတန်းပါ ရွှေရောင်လိုဂိုတံဆိပ်ပေးသွားမှာပါ။ ဒေါ်လာမပါတဲ့ ဗလာနတ္ထိဆုပါ။ မည်သည့်ဘလော့မဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြတာဖြစ်လို့ ဖိတ်ခေါ်ပါတယ်။ ယှဉ်ပြိုင်တယ်ဆိုတာလည်း ပျော်ချင်သူတွေအတွက် အပျော်သဘောပါ။ contact page မှာဝင်ရောက်ပြီးဆယ်သွယ်နိုင်ပါတယ်။ မဲများကို မြန်မာစံတော်ချိန်စနေနေ့ နံနက် (၁)နာရီစတင်ပေးနိုင်ပြီး တနင်္ဂနွေနေ့ ည (၁၂)နာရီမှာ ပိတ်ပါမယ်။ ဒီတစ်ပါတ်မှာ မရခဲ့ယင်မပူနဲ့ နောက်အပါတ်တွေမှာ ရဖိုရှိပါတယ်။ လုပ်သာလုပ်ရမှာ ဘလော့ငါးစိမ်းသည်တွေကိုတော့ ကြောက်မိပါတယ်။ ဟီးဟီး :)တစ်ဦးတည်းဖြင့် တစ်ကြိမ်ထက်ပိုပြီး မဲပေးခွင့်မရှိပါဘူး။ Cookies နဲ့ IP Address တွေကိုလည်း တားဆီးထားပါတယ်။ လောဆည်ဆည်အစကနဦးမို့ အမှားအယွင်းရှိခဲ့ယင် သည်းခံကြပါလို့ပဲ ပြောချင်ပါတယ်။ နောက်ပိုင်းမှာ ပိုကောင်းလာနိုင်စရာတွေအများကြီးရှိပါတယ်။
ပထမဦးဆုံးအပတ်စဉ်အတွက် မိမိစိတ်ကြိုက် အကောင်းဆုံးဘလော့ (၁၀)ခုကို ရွေးချယ်တင်ပြထားပါတယ်။ ဒါကလောလောဆည် အနေထားအရမို့ ဘယ်သူဘယ်ဝါ ပါတယ် မပါဘူးဆိုတာ ပြောနေစရာမလိုပါ။ နောက်အပါတ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ နောက်အပါတ်မှာ ပုံစံတစ်မျိုးနဲ့ ပြုပြင်ကောင်းပြုပြင်သွားလိမ့်မယ်။ ယခုတစ်ပါတ်အတွက် စက်တင်ဘာ (၅)ရက်မှ (၁၃)ရက်နေ့ထိ
Best Blog of the Week
Filed Under: blogaward