ပြောင်းလဲခြင်းတရား

Changing သီချင်းကို ရေးစပ် သီဆိုခဲ့တဲ့ အဲလက်စ်

ပြောင်းလဲခြင်း၊ မတည်မြဲခြင်းသဘောတရားတွေကို လူကြီးတွေနားမလည်ကြပေမယ့် ကလေးတွေ နားလည်နေကြတယ်။ လူကြီးတွေမိုက်နေကြပေမယ့် ကလေးတွေသိပ်လိမ်မာနေကြတယ်။
Alex ဟာ ၁၁နှစ်သားပဲ ရှိပါသေးတယ်။ အလုပ်အကိုင်က သရုပ်ဆောင်နဲ့ ဂီတ။
အစ်ကိုဖြစ်သူကတော့ Nat လို့ ချစ်နိုးနဲ့ အများသိကြတယ်။ အသက်က ၁၄ နှစ်၊ သီချင်းရေးတယ်၊ ဆိုတယ်၊ ကီးဘောလစ်ဖြစ်သလို သရုပ်ဆောင်လည်းဖြစ်တယ်။ သူတို့ညီအစ်ကို ဦးဆောင်တဲ့ The Naked Brothers Band ဟာ ကမ္ဘာကျော်ဖြစ်နေပြီ။ လက်ရှိအမေရိကန်သမ္မတသစ် ဘားရက်အိုဘားမားကိုတောင် Yes We Can သီချင်းနဲ့ ဂုဏ်ပြုခဲ့ကြတယ်။
Alex ဟာ ၁၁ နှစ်သားလေးသာ ဖြစ်ပေမယ့် သီချင်းတွေကို ၁၀ ပုဒ်ထက်မနည်းရေး၊ဆိုခဲ့ပြီးဖြစ်တယ်။ ကဲ......Alex ရေ တရားမသိသေးတဲ့ လူကြီးတွေကို မင်းခေါက်နေကြ ဒရမ်နဲ့သာ တရားပြပေတော့။

Filed Under:

About the Author

Ashin Mettacara