အာကာသ အမှိုက်များ အတွက် မစိုးရိမ်ရဟု နာဆာ ကြေညာ

ဂျူလိုင်လ ၂၃ရက်နေ့ ၂၀၀၇ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ မလိုအပ်သော အစိတ်အပိုင်း ဖြစ်သော စက်ရုပ်မောင်းနှင်တံကို ဖြုတ်ချလိုက်သော အာကာသယာဉ်မှူး ကလေး အန်ဒါးဆင်



အမေရိကန် အာကာသဆိုင်ရာ နာဆာ အဖွဲ့က အာကာသ အမှိုက် များသည် အာကာသ ယာဉ်မှူးများ အတွက် ထင်သလောက် အန္တရာယ် မများကြောင်း ကြေညာ လိုက်သည်။

မတ်လ (၁၇) ရက်နေ့က ထုတ်ပြန်သော ကြေညာချက် အရ ကမ္ဘာပတ်လမ်း အတွင်း မျောချင်ရာ မျောပါနေသည့် အာကာသ အမှိုက်များကို အရေးတကြီး ရှင်းလင်းရန် မလိုကြောင်း ကြေညာလိုက်သည်။

မူလက အမေရိကန် နှင့် ရုရှား ဂြိုဟ်တုနှစ်စင်း တိုက်မိရာမှ ပျက်စီးပြီး ကမ္ဘာပတ်လမ်း အတွင်း မျောပါနေသော အာကာသ အမှိုက်များ၏ အခြေအနေ အပေါ် နာဆာအဖွဲ့ အနေနှင့် စိုးရိမ်ခဲ့သော်လည်း Discovery လွန်းပျံယာဉ် လွှတ်တင် ပြီးချိန်တွင် အမှိုက်များသည် ဆိုးရွားသော ခြိမ်းခြောက်မှုမျိုး မပေါ်ပေါက် စေပါဟု အတည်ပြု လိုက်သည်။

မူလက ရုရှား ဂြိုဟ်တုမှ လွင့်ထွက်လာသော အပိုင်းအစ အချို့သည် Discovery ချဉ်းကပ်ရာ နိုင်ငံတကာ အာကာသစခန်း ISS ကို ထိခိုက်မည်ဟု ယူဆ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အဆိုပါ အမှိုက်များသည် စခန်း နှင့် မိုင်ဝက်မျှ အကွာက ဖြတ်သန်းသွားပြီး ISS အနေနှင့် တစုံတရာ အန္တရာယ် မရှိကြောင်း နာဆာက သတင်းထုတ်ပြန် ကြေညာလိုက်သည်။


Copyright: သတင်းဆောင်းပါးသည် လူထုအသံ၏ မူပိုင်ဖြစ်သည်။ လူထုအသံ၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိပဲ တင်ခွင့်မပြု။

Filed Under:

About the Author

Ashin Mettacara