Happy Birthday To Jeremy

Eliana နဲ့ Jeremy ( ပြားရည်ဆမ်းပြီး)



ုံဆေးရုံးဆင်းပြီးကတည်းက ဘယ်သူ့ကိုမှ ဘာမှမပြောချင်၊ ဘယ်သူ့ကိုမှအဆက်အသွယ်မလုပ်ချင်ပဲ ဖြစ်နေခဲ့တာ။ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတာတော့ ကြာပါပြီ၊ အမေ့ဆီကိုလည်း စာတွေမရေးဖြစ်။ တစ်ကြောင်းလောက်ကလေးဖြစ်ဖြစ်ရေးခဲ့ဖို့ အမေက တစ်တွတ်တွတ်မှာမြဲ မှာလျက်။ ရေးချင်ပါတယ်အမေ
( မယ်တော်ကြီး)။ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ပါ။ သုံးနှစ်လောက်မပြန်ပဲနေတဲ့ သားလူမိုက်လို့တောင်ခေါ်လို့ရနေပြီ။

ကလင်..ကလင် ( ဖုန်းခေါ်သံ)
တကယ့် ဖုန်းခေါ်သံက ကလင် ကလင်မဟုတ်၊ သီချင်းသံပါ။ စာဖတ်သူ နားလည်အောင်လို့သာ ကလင်ကလင်လို့ဖော်ပြရခြင်း၊ ရေးရခြင်းမျိုးပါ။

တောက်...အမေ့ဆီကို စာရေးမယ်လို့ လုပ်နေတုန်း ဘယ်ကဖုန်းကများ လာခေါ်နေ။

Ans: Hello !
Ph: Hello Metta, how are you ?

ငါ ဒီအသံ ကြားဖူးနေသလိုပဲလို့ စဉ်းစားနေတုန်း It's me, Eliana.

သိပြီ၊ ငါတစ်ခေါက်မှ မမြင်ဖူးသေးတဲ့ ကနေဒါက အဆိုတော်မ Eliana ။ CaneFire တီးဝိုင်းအဖွဲ့ကို ဦးဆောင်တဲ့ Jeremy Ledbetterကမိတ်ဆက်ပေးလို့ သိတာ။ မိတ်ဆက်ပေးဆို သူမက သူ့နဲ့အတူနေ ရီးစား။ ငါ့မှာကလည်း ရှားရှားပါး အနုပညာသမားမိတ်ဆွေဆိုလို့ မူးလို့တောင် ရှုစရာမရှိ။ Jeremy ချိပ်ဆက်ပေးလို့ ထရီနီဒတ်တိုဘာဂိုက အဆိုတော် David Rudderနဲ့ ဖုန်းပြောခွင့်ရခဲ့တာပါ။ ဒါကလည်း စက်တင်ဘာတော်လှန်းအတွက် ဂုဏ်ပြုတေးတစ်ပုဒ်လုပ်ဖို့ကိစ္စနဲ့ပါ။ စပ်စပ်စုစုတော့ ဟုတ်ဘူး။
နောက်တစ်ယောက်ကတော့ တောင်အာဖရိက Gien၊ သူကတော့ ပရိုဂျူဆာပါ၊ သီချင်းလည်းရေးတယ်၊ ဆိုတယ်။ စုစုပေါင်း ၄ယောက်ပဲ ရင်းနီးတယ်။

အင်း .. အင်ထရိုဝင်နေလို့မဖြစ်၊ ပြောစရာရှိတာကို ဆက်ပြောမှ။ အခုကိစ္စက ဂလို ဂလို။ မတ်လ ၉ရက်နေ့၊ မနက်ဖြန်ဆို Jeremy ရဲ့မွေးနေ့။ သူ့မွေးနေ့မှာ Blessing လုပ်ဖို့ Eliana က ဆက်တာ။ Blessing တော့ လုပ်ဘူး။ အခုတစ်ပါတ်၊ နှစ်ပါတ်အတွင်း လူ့လောကကြီးကို ရောက်လာတော့မယ့် မင်းတို့ရင်သွေးအသစ်လေးကို ငါ ဘုန်းကြီးဝတ်ပေးမယ်။ မြန်မာရုပ်ရှင်မင်းသားလူမင်းက သူ့သမီးကို ကမ္ဘာ့အသက်အငယ်ဆုံး သီလရှင်ဝတ်ပေးတာကို အားကျလို့ပါ။
အလကားစတာပါ။ တကယ်ပြောတာပါ။
Jeremy ကိုယ်တိုင်ရေးစပ်ပြီး David Rudder သီဆိုထားတဲ့ "How Long" သီချင်းလေးနဲ့ Happy Birthday လုပ်ပေးချင်တယ်။ ဒီသီးချင်းထဲက ရွတ်ကြဖတ်ကြတဲ့ တရာဓမ္မအသံတွေဟာ Jeremy မြန်မာပြည်ကိုသွားလည်တုန်း ရွှေတိဂုံစေတီတော်ပေါ်က အသံတွေကို Recordလုပ်လာခဲ့ပြီး ဒီသီချင်းထဲမှာ အသုံးပြုထားတာပါ။ ရွှေဝါရောင်တော်လှန်ရေးကို ဒီသီချင်းနဲ့ ဂုဏ်ပြုခဲ့တာပါ။ ကျေးဇူးတင်ပါတယ် Jeremy။


ံHappy Birthday to Jeremy!


သီချင်းနာမည်က How long တဲ့။ ခံစားကြည့်


BURMA - David Rudder

ဒါကတော့ Eliana ဆိုထားတာပါ။ နာဂစ်အတွက် ဒီသီချင်းနဲ့ ရန်ပုံငွေရှာပေးခဲ့တာ။

Title: Song for Burma (Myanmar) - RIGHT CLICK HERE TO DOWNLOAD (mac: option click)
Composed by: Eliana Cuevas & Jeremy Ledbetter
Eliana Cuevas: vocals
Jeremy Ledbetter: piano
Recording and mixing engineer: John Loach
Mastered by: Ron Skinner at Heading North Mastering
Recorded at Loach Studios on October 15th 2007.


LYRICS:

Song for Burma (Myanmar)
By J. Ledbetter & E. Cuevas

This is about human rights,
This is about you and me,
So we can’t pretend this isn’t happening.
It’s about the entire world,
Not about one country alone,
They were calling out to us but now
Burma’s prayers have been silenced.
Myanmar is silent.

Where have they taken them?
What have they done?
How can it be the world says nothing can be done?
Soldiers shoot at monks,
What could be more wrong?
So how can it be right the world says...
Burma you’re on your own?
Myanmar you’re on your own...

How can this happen when they say the world is watching?
I believe that we can do much more.
This is about all of us,
Not about one country alone,
They were calling out to us but now
Burma’s prayers have been silenced.
Myanmar is silent.

Where have they taken them?
What have they done?
How can it be the world says nothing can be done?
Soldiers shoot at monks,
What could be more wrong?
So how can it be right the world says...
We’ll still sell them guns?!...
These soldiers shot at monks,
They must know it’s wrong.
So now we’ll help them bring the tyrants down.
Burma you’re not alone.

This is about human rights,
This is about you and me,
I believe that we can do much more.

Filed Under:

About the Author

Ashin Mettacara