ကမ္ဘာ့ အပါးလွှာဆုံး Laptop ဖြစ်လာတဲ့ Dell ရဲ့ Adamo

ကမ္ဘာ့အပါးလွှာဆုံး လက်(ပ်) တော့ ဆိုတဲ့ Dell ကထုတ်သည့် အက်ဒမို ( သတင်း အထောက်အကူပြု ဓါတ်ပုံ - i.zdnet.com )

Apple ကုမ္ပဏီထုတ် Macbook Air ကို ယှဉ်ပြိုင်ရန် Dell ကလည်း ပါးလွှာသော Laptop တမျိုး ထုတ်လုပ်ခဲ့ပြီ ဖြစ်သည်။

ထို Laptop သည် ကမ္ဘာ့အပါးဆုံး ကွန်ပြူတာဆိုသည့် ဘွဲ့ကို ပိုင်ဆိုင်ထားသည့် Macbook အား အံတုနိုင်မည့် ကွန်ပြူတာ လေးလည်းဖြစ်သည်။ ဈေးနှုန်းအားဖြင့် Dell ကွန်ပြူတာသည် ဒေါ်လာ(၂၀၀၀)မျှ ကျသင့်မည် ဖြစ်သောကြောင့် ဒေါ်လာ(၁၈၀၀)တန် Apple ကွန်ပြူတာထက် အနည်းငယ် ဈေးများသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

လုပ်ဆောင်ချက် အပိုင်းတွင်မူ Apple နှင့် Dell တို့၏ Laptop များသည် သိသိသာသာ ကွာခြားမှုမျိုး မရှိပေ။ Adamo ဟု အမည်ပေးထားသော အဆိုပါ ကွန်ပျူတာသည် Windows Vista ကို OS အဖြစ် သုံးစွဲထားပြီး (၀.၆၅)လက်မ မျှသာထူကာ (၄)ပေါင်သာ လေးသည်။

၎င်း၏ ပြိုင်ဘက် Macbook Air ကမူ (၀.၁၆) မှ (၀.၇၆) လက်မထိ ထူပြီး (၃)ပေါင်သာ လေးသည်။ ထို့ကြောင့် Dell ၏ Laptop သည် Apple ၏ Laptop ထက် ပိုပါးပြီး ကမ္ဘာ့အပါးဆုံး Laptop အဖြစ် စံချိန်တင်နိုင် ခဲ့သော်လည်း အပေါ့ဆုံးတော့ မဟုတ်ချေ။

Dell ကမူ Adamo ကြောင့် Laptop သုံးစွဲသူများ အတွက် ရွေးချယ်ခွင့် ပိုများလာကြောင်း ကြေငြာသွားခဲ့သည်။

Copyright: သတင်းဆောင်းပါးသည် လူထုအသံ၏ မူပိုင်ဖြစ်သည်။ လူထုအသံ၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိပဲ တင်ခွင့်မပြု။

Filed Under:

About the Author

Ashin Mettacara