အင်တာနက် လုံခြုံရေးနဲ့ mailinator သိထားရေး



အင်တာနက်ကို မသုံးခင် မိမိရဲ့လုံခြုံမှုကိုအရင်ကာကွယ်ထားရပါမယ်။ အင်တာနက်ပေါ်ကနေငွေရှာလို့ရသလို၊ အင်တာနက်ပေါ်ကနေ လိမ်လို့ညာလို့လည်းရပါတယ်။ အင်တာနက်ကြောင့် ရူးခဲ့ကြသူတွေလည်းမနည်းတော့ပါဘူး။ ဒီထက်အဆုံး အင်တာနက်ဟာ လူကိုပါသေစေနိုင်တယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ကိုးရီးယားနာမည်ကြီးမင်းသမီး ဂျွန်ဒါးဘင်း( Jung Da Bin) နဲ့ ၂၀၀၈ ခုနှစ်မှာ ကိုရီးယားနာမည်ကြီး ချွိုင်ဂျင်ဆေး (Choi Jin Sil) တို့ဟာ ကိုယ့်ကိုယ်ကိုသတ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့သေကြောင်းကြံစဉ်မှုသမိုင်းကြောင်းကို ကြည့်လိုက်ရင် သူတို့နှစ်ဦးစလုံးဟာ အင်တာနက်ပေါ်က ကောလာဟာလ သတင်းတွေ၊ ကွန့်တွေကြောင့်ဖြစ်ပါတယ်။

သူတို့လိုပဲ အင်တာနက်သတင်းတွေကြောင့် လူတွေဘယ်လောက်များများ ကိုယ့်ဟာကို သတ်သေခဲ့ကြပြီးပြီလဲ။

နောက်တစ်ခြားမကြည့်နဲ့ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်က အတွင်းရေးမှုးဆရာတော် ဦးဥတ္တရဟာလည်း အင်တာနက်ကကောလာဟာဟသတင်းတွေကြောင့် အနားယူခဲ့ရတယ်တယ်ဆိုရင် မှားမယ်မထင်းပါဘူး။ မကြာသေးခင်ကလည်း နာမည်ကြီးဆရာတော် မဇ္ဖိမဂုန်ရည် ဒေါက်တာကောဝိဒ နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က အတွင်းရေးမှုးဆရာတော် ဦးစန္ဒောဘာသတို့ဟာ အင်တာနက်ပေါ်ကနေ ကောလာဟာလသတင်းတွေထွက်ခဲ့ကြပါတယ်။

သူတို့လိုပဲ အင်တာနက်သတင်းတွေကြောင့် လူတွေဘယ်လောက်များများ စိတ်မချမ်းမသာမှုတွေနဲ့ ရင်ဆိုင်နေကြရပြီလဲ။


ဆိုလိုချင်တာက ဒီလိုဖြစ်ပျက်နေတဲ့ခေတ်ကြီးမှာ မိမိတို့ကိုယ်ပိုင်လုံခြုံမှုတွေကိုမထိခိုက်အောင် အင်တာနက်ကို ကောင်းစွာသုံးစွဲသွားတတ်ကြဖို့ လိုအပ်နေပါပြီ။ အရေးကြီးနေပါပြီ။

အင်တာနက်ကို လုံလုံခြုံခြုံအသုံးပြုနိုင်ဖို့အတွက် အရေးကြီးဆုံးအချက်က မိမိတို့အီးမေးတွေကို အရမ်းကာရော မသုံးစွဲမိဖို့ပါပဲ။ လူတော်တော်များများဟာ မိမိတို့ကိုယ်ပိုင်အီးမေးတွေကို Forumတွေပေါ်မှာ၊ တစ်ခြား Web form တွေမှာ သုံးစွဲနေကြပါတယ်။ ဒါဟာ သိပ်ကိုမှားယွင်းတဲ့အချက်ပါ။ု
မိမိနဲ့ မသိကျွမ်းတဲ့ မည်သူ့ကိုမဆို မိမိတို့အသုံးပြုနေတဲ့အီးမေးလိပ်စာကို မပေးသင့်ပေ။ အထူးသဖြင့် အွန်လိုင်းပေါ်ကလူတွေကိုပြောတာပါ။

အကယ်၍မိမိမှာတစ်ခြား web form တွေဖြည့်စရာရှိတယ်ဆိုရတောင်reference အီးမေးမျိုးတွေကို အသုံးပြုသင့်ပါတယ်။
အကောင်းဆုံးကတော့ mailinator ပါ။ ဘာအကောင့်မှဖွင့်စရာမလိုပဲ မိမိတို့နှစ်သက်ရာနာမည်ပေးပြီး အသုံးပြုလိုက်ရုံပါပဲ။ အရင်ဆုံးက mailinator ရဲ့ ၀က်ဆိုက်လိပ်စာကို အရင်သိထားရပါမယ်။ http://www.mailinator.com/

ဥပမာ ဦးဇင်းက form တစ်ခုကို ဖြည့်စရာရှိတယ်ဆိုပါစို့။ မိမိလိပ်စာကို သုံးလို့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ပေါ်က formတွေကို မိမိအီးမေးနဲ့ဖြည့်လိုက်ရင် မလိုလားအပ်တဲ့ spam မေးတွေအပြင် ကြော်ညာတွေပါ ၀င်ရောက်လာကြတော့မှာမို့လို့ပါ။ အဲ့ဒီတော့ ကိုယ်က mailinator နဲ့သုံးမယ်။ ကြိုက်တဲ့နာမည်နဲ့သုံးလိုက် ရတယ်။ ဥပမာ။ uuu@mailinator



ဖောင်တွေဖြည့်ပြီးသွားတိုင်း ကိုယ့်ဆီကို အီးမေးလာမယ်။ အီးမေးချက်ဖို့ကလည်း မခက်။ စောစောက ကိုယ်ပေါက်တတ်ကရပေးထားတဲ့ uuu@mailinator အီးမေးလိပ်စာကို Check your inbox မှာ ရိုက်ထည့်လိုက်ရုံနဲ့ ရပြီ။

ရိုက်ထည့်ပြီးတော့ ဘယ်သူက ဘာပို့ထားတယ်ဆိုတာ တွေ့ပြီ ဟုတ်။ ဟုတ်တယ် ဟုတ်။


ဒါက စောစောက ကိုယ့်ဖြည့်ခဲ့တဲ့ web form တစ်ခုက အီးမောင်တစ်စောင်။ အခုဖတ်နေပြီ။




mailinator ဆိုတာ ဘာလဲလို့ မေးရင် ဘာမှ Sing Up , Sign In လုပ်စရာမလိုပဲ ကြိုက်တဲ့နာမည်နဲ့ အီးမေးသုံး၊ ပို့၊ ချက်လုပ်လို့ရတဲ့ဆိုက်တစ်ခု။ Forum, Chatroom, web form စတာတွေမှာ လွယ်လင့်တကူအသုံးပြုဖို့ဖြစ်ပါတယ်။ mailinator ကိုသုံးစွဲခြင်းအားဖြင့် မိမိတို့ရဲ့ လုံခြုံမှုကိုပါရရှိစေမှာဖြစ်ပါတယ်။

Filed Under:

About the Author

Ashin Mettacara