Home Sever ဘယ်လို Set Up လုပ်မလဲ
Ashin Mettacara
|
Tuesday, April 21, 2009
|
ကိုအောင်ကျော်ထက်တို့ ရေးထားတဲ့ em2mm2 ကိုလည်း အခုထိ စမ်းသပ်နေတာ မအောင်မြင်တတ်သေးပါဘူး။ တကယ်ဆိုယင် ကုဒ်တွေ အကုန်လုံးက Python Programming နဲ့ပဲရေးထားတာပါ။ ဦးဇင်းကိုယ်တိုင်လည်း Desktop application အတွက် player တစ်ခုနဲ့ game တစ်ခုကို Python တစ်ခုတည်းနဲ့ ရေးသားခဲ့ဖူးပါတယ်။ စက်တင်ဘာအရေးခင်းက ဦးဇင်းနဲ့ ပရိုဂရမ်မင်းကို တစ်ခြားစီလုပ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ပရိုဂရမ်မင်းနဲ့ နီးစပ်ဖို့အတွက် em2mm2 က လုပ်ပေးခဲ့ပြန်ပါတယ်။ ကိုသုံးခဲ့တဲ့ Python version က 2.4 ယခု versionက 2.6။ ဒါနဲ့ လုပ်ရကိုင်ရတာ အဆင်မပြေတော့ ကိုအောင်ကျော်ထက်ကို ဟိုမေးဒီမေးပေါ့။ အဲ့ဒီကနေ Jabber server အကြောင်းလေးက Server နဲ့ ပတ်သက်တာလေးတွေကို စူးစမ်းမိပြန်တယ်။ အခုထိလည်း စူးစမ်းနေတုန်း။စူးစမ်းစဉ်ကာအတွင်းမှာ Home Server ကို Set Up လုပ်ပုံလုပ်နည်း မျှဝေဖို့ အကြံဖြစ်လာတယ်။ ဒါလေးလုပ်တတ်သွားပြီဆိုယင် Server နဲ့ ပတ်သက်တဲ့သီအိုရီလေးကို သိသွားမယ်။ သဘောပေါက်သွားမယ်ပေါ့။ Home Server တစ်ခုကို တည်ဆောက်ဖို့ Wamp Server လေးပဲ လိုအပ်တယ်။ Wamp Server က PHP, Apache , MySQL တို့ကို ကိုယ်စားပြုတယ်။ ဒီနေရာမှာ WampServer-2 ဒေါင်းလုပ်လုပ်ပါ။ install မောင်းပြီးသွားယင် address bar မှာ localhost ဆိုတာလေးကို ရိုက်ထည့်ကြပါ။
တွေ့လား။ သူအလုပ်လုပ်နေပြီ။ ပြီးရင် wamp ရဲ့အိုင်ကွန်ကိုနှိပ်ပြီး www.directory ကိုသွားမယ်။
index.php ဆိုတာကိုတွေ့မယ်။ အဲ့ဒီထဲမှာ ဥပမာတစ်ခုအနေနဲ့ picuture ဆိုတဲ့ ဖိုဒါတစ်ခုအသစ်လုပ်ပြီး၊ ပြီးဓါတ်ပုံတစ်ပုံထည့်လိုက်ပါ။
picture အမည်နဲ့ ဖိုဒါတစ်ခုလုပ်ပြီး ဘကြီးဘုန်းပုံတစ်ပုံထည့်ထားတယ်။ စမ်းကြည့်မယ်နော်
ဘရောက်ဇာထဲမှာ http://localhost/picture/most-famous-ashin.jpg ရိုက်ထည့်လိုက်တော့ ဘကြီးဘုန်းကြီးရဲ့ပုံတော်ကို ဖူးကြရမယ်။
ပြီးတော့ www.directory ထဲမှာပဲ index.html ရေးပြီး index.php ကိုဖျက်လိုက်ပါ။
ူဘရောက်ဇာထဲမှာ localhost ကိုရိုက်ထည့်လိုက်တော့ ဘကြီးဘုန်းကြီးရေးထားတဲ့ html ကိုတွေ့ရပြီဟုတ်
ကဲ အခုဦးဇင်း လိုအပ်တာက ကိုယ့်စက်ရဲ့အိုင်ပီလိပ်စာ (ip address)၊ Start menu - Run ကိုသွား။ Run ထဲမှာ cmd လို့ရိုက်ထည့်။ ဘောက်စ်ကျလာယင် ipconfig ဆိုတာကို ရိုက်ထည့်

အောက်ဆုံးကနံပါတ်က ရောက်တာရဲ့လိပ်စာ၊ အပေါ်ဆုံးကနံပါတ်က ကိုယ့်စက်ရဲ့ အိုင်ပီလိပ်စာ။ အဲ့ဒီနံပါတ်ကို localhost အစားရိုက်ထည့်ကြည့်မယ်။
ရတယ်နော်။ localhost နဲ့ဒီနံပါတ်က အတူတူဖြစ်ကြောင်းဆိုတာကိုပြသနေတာ။ ဒါဆိုယင် ဦးဇင်းတို့ server က အလုပ်လုပ်နေပြီ။ ကဲ အဲ့ဒါဆိုယင် ရောက်တာရဲ့ အိုင်ပီနံပါတ်ကို ပြန်ရိုက်ထည့်မယ်။
ပြီး Port Forwarding ကိုသွား၊ ရောက်ကနေ လူတိုင်းဆက်သွယ်လို့ရအောင် Port Forwarding service အသစ်လုပ်
ပြီးယင် www.cmyip.com ကိုသွားပြီး ရောက်တာရဲ့အိုင်လိပ်စာသွားယူပါ။ ပြီး ဘရောက်ဇာထဲမှာ အဲ့ဒီလိပ်စာကို ရိုက်ထည့်ကြည့် လိုက်တော့ ကိုယ့် server ကို အင်တာနက်နဲ့ တိုက်ရိုက်ချိပ်ဆက်သွားပြီ။ တစ်ကမ္ဘာလုံးကနေကြည့်လို့ရသွားပြီပေါ့။
အဲ့ဒီတော့ www.dyndns.com ကိုသွားပြီး create account ၊ active ဖြစ်ပြီဆိုယင် Add Host Sevices
ပြီးယင် ကြိုက်တဲ့ domain name တွေကို ရွေးချယ်ပြီး ဆာဗစ်ဖန်တီးမယ်ပေါ့၊
Create host နှိပ်ပြီးယင်
www.sayardaw.dyndns.org ရိုက်ထည့်လိုက်တော့ ဘကြီးဘုန်းကြီးရဲ့ဆာဗာနဲ့ အလုပ်လုပ်နေပါပြီ။
ဒါပဲ။ စမ်းကြည့်ကြပေတော့..............
Filed Under: Internet