ဒေါက်တာလွဏ်းဆွေဘလော့ သုံးသပ်ချက်



ဒေါက်တာလွဏ်းဆွေ ဘလော့ဟာ ထိုင်းနိုင်ငံ-မဲဆောက်အခြေစိုက် စာရေးဆရာ၊ ဆရာဝန် တစ်ယောက်ရဲ့ ဘလော့ဖြစ်ပါတယ်။ ၂၀၀၇ စက်တင်ဘာလမှာ စတင်ခဲ့ပြီး လက်ရှိ ဘလော့တွေ အားလုံးထဲမှာ ဒေါက်တာ လွဏ်းဆွေရဲ့ ဘလော့ဟာ လူကြိုက်အများဆုံး အဖြစ်နဲ့ရော နေ့စဉ်လာရောက်လည်ပတ်သူတွေအများဆုံး အဖြစ်နဲ့ပါ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘလော့တစ်ခုဖြစ်ပါတယ်။

Visual Aesthetics – 8

မြင်ကွင်းအနေဖြင့် ဒေါက်တာလွဏ်ဆွေရဲ့ဘလော့ဟာ ရိုးရိုးလေးပါ။ ဒီဆိုင်းနား Douglas Bowman ရဲ့ template ကို အသုံးပြုထားတာ ဖြစ်ပြီး နောက်ခံတစ်ခုလုံးရဲ့အရောင်ကတော့ အပြာရောင်ပါ။ မောင်ချောနွယ်ရဲ့ ကဗျာနဲ့ ထိုင်းမိုင်းနေတဲ့ နောက်ခံလိုဂိုကို သရုပ်ဖော်ထားပါတယ်။



User Friendliness – 5

ဒေါက်တာလွဏ်းဆွေဘလော့ကို မြန်မာနိုင်ငံက ကွန်နက်ရှင်းအနေအထားနဲ့ဆိုရင်တော့ အလွယ်တကူဝင်ရောက်လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခက်ခက်ခဲခဲဖြစ်ပါလိမ့်မယ်။ ပို့်စ်အရေအတွက် ၁၅ခုထားတဲ့အပြင် သူ့မှာ ဓါတ်ပုံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ၊ ပီဒီအက်ဖ်ဖိုင်တွေနဲ့ ပြည့်နှက်လေးနေပါတယ်။


Reading Enjoyment – 10

ဒေါက်တာလွဏ်းဆွေရဲ့ဘလော့ကို အရသာခံပြီး ဖတ်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ သူ့ဘလော့က တိုင်းပြည်တစ်ခုလုံး အတိဒုက္ခရောက်နေတဲ့သတင်းတွေကိုချည်းတင်ပြနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာလွဏ်ဆွေဘလော့ကို နေ့စဉ်နေ့တိုင်း စောင့်မျှော်ဖတ်ရှုနေကြတာဟာ အရသာတွေ့လို့မဟုတ်ပေဘူးလား။ ဒါကြောင့် Enjoyment အပြည့်အ၀ရှိပါတယ်။


Useful Info – 10

နေ့စဉ်ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့အခြေနေတွေ၊ စစ်အစိုးရနဲ့ အတိုက်အခံအဖွဲ့တွေရဲ့ လှုပ်ရှားအခြေနေတွေကို ဒေါက်တာလွဏ်းဆွေဘလော့က ဦးစားပေးပါတယ်။ နေ့စဉ်သတင်းတွေအားလုံးကို တစ်နေရာတည်းကနေ အလွယ်တကူဖတ်ရှုပ်လို့ရအာင် လင့်တွေကို စုစည်းပေးထားတဲ့အတွက်လည်း အသုံးဝင်တယ်။ အလွယ်တကူမရနိုင်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦဲးသန့်ရဲ့ ဓါတ်ပုံအချို့ နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံအချို့ကို sidebar မှာ slideshow လေးတွေလုပ်ပြီး ဖော်ပြပေးထားတာဟာ ဦးသန့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတိယစေတယ်။



Overall Experience – 10


ဒေါက်တာလွဏ်ဆွေဘလော့ဟာ နေ့စဉ် လူမှုရေး၊ နိုင်ငံရေးစီးပွားရေး သတင်းတွေကို ဦးစားပေးဖော်ပြပေးနေတာဖြစ်လို့ ထပ်တလဲလဲ ဖတ်သင့်ပါတယ်။ နေ့စဉ်သတင်းလင့်တွေစုစည်းရတယ်ဆို လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ၀က်ဆိုက်တွေတစ်ခုပြီးတစ်ခုသွားပြီး နောက်ဆုံးရသတင်းတွေကို လိုက်ရှာရတာပါ။ အဲ့ဒီအတွက် အချိန်တော်တော်များများနေ့စဉ်ပေးနေရပါတယ်။ တစ်ချို့ဘလော့သာ ပို့စ်မတင်ဖြစ်တဲ့ရက်တွေ ကြာခဲ့ရှိခဲ့မယ်။ ဒါပေမယ့် ဒေါက်တာလွဏ်ဆွေဘလော့ကတော့ နေ့စဉ်ပုံမှန် သတင်းတွေဖတ်လို့ရအောင် လုပ်ပေးနေလျက်သာ၊ တင်ပေးမြဲတင်ပေးနေလျက်သာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒေါက်တာလွဏ်းဆွေဘလော့ကို ကျေးဇူးတင်တယ်၊ အားပေးတယ်။

http://drlunswe.blogspot.com/

Filed Under:

About the Author

Ashin Mettacara