ညီလင်းဆက်ဘလော့ သုံးသပ်ချက်

၂၀၀၅နှစ်ကတည်းက ဘလော့ကို စတင်ရေးခဲ့တဲ့သူ အိုင်တီပညာရှင်လူငယ်တစ်ယောက်ပါ။ မြန်မာစာနဲ့ ဘလော့တွေ ယခုလိုရေးသားနိုင်ကြတာဟာ ညီလင်းဆက်ရဲ့ကျေးဇူးကြောင့်ပါလို့ပြောရင် မမှားပါဘူး။ ဒါကြောင့် သူ့ကို မြန်မာဘလော့ ဘိုးအေကြီးလို့ အသိများပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာဘလော့တွေပိုပြီး တိုးတက်လာအောင် အားထုတ်နေသူတစ်ယောက်ပါ။

Visual Aesthetics – 5
ညီလင်းဆက်မှာ ကိုယ်ပိုင်လိုဂိုအသုံးမပြုထားပါဘူး။ နဂိုရ်မူရင်း လိုဂိုပေါ်မှာ သူ့ကိုယ်ပိုင်နာမည်ကို ဖော်ပြထားတာပါ။ သူ့ဘလော့ဒီဇိုင်းဟာ David Herreman ရဲ့လက်ရာဖြစ်ပါတယ်။ ဖတ်ရသူအဖို့ မျက်စိရှင်းတယ်။ အထူးခြားဆုံးကတော့ ပို့စ်မခေါက်ထားခြင်းပါပဲ။



User Friendliness – 10
ညီလင်းဆက်ဘလော့က အသံဖိုင်တို့၊ ဓါတ်ပုံဖိုင်တို့၊ ဗီဒီယိုဖိုင်တို့ သိပ်မပါတဲ့အတွက် အလွယ်တကူဝင်ရောက်လည်ပတ်လို့ရတယ်။ ကိုယ်ပိုင်ဒိုမိန်းကို အသုံးပြုထားတာဖြစ်တဲ့အတွက်လည်း ပြည်တွင်းကလူတွေဖတ်ရပြုရတာ အဆင်ပြေတယ်။ ပိုပြီးအဆင်ပြေတာက ညီလင်းဆက်ဘလော့ကို ဘလော့တွေတော်တော်များများမှာလင့်ချိပ်ထားကြလို့ ညီလင်းဆက်ဘလော့ကို လူတိုင်းရောက်ဖြစ်နိုင်ပါတယ်။


Reading Enjoyment – 10
ညီလင်းဆက်ဘလော့ကတော့ အရသာခံပြီး ကော်ဖီတစ်ခွက်နဲ့ ဖတ်သင့်ပါတယ်။ သုတရသစုံတယ်လို့ ဆိုရမှာပါ။ မြန်မာစာပေနဲ့ပတ်သက်တာတွေ၊ ကွန်ပျူတာနဲ့ပတ်သက်တာတွေ၊ ဗေဒင်ပညာနဲ့ပတ်သက်တာတွေ၊ စတာတွေကို သူ့ဘလော့မှာအများဆုံး ဖတ်ရပါတယ်။ လက်ရှိအခြေနေတစ်ရပ်ကို သုံးသပ်ပြတဲ့ပို့စ်တွေအပြင် ရှားပါးစာအုပ်တွေရဲ့အမည်စာရင်းတချို့ကိုလည်း သူ့ဘလော့မှာ မှတ်တမ်းတင်ထားပါတယ်။



Useful Info – 10

မြန်မာယူနီကုတ်နဲ့ ပတ်သက်တာတွေ၊ ဖတ်သင့်တာတွေ ညီလင်းဆက်မှာ ရှိတယ်။ အထူးသဖြင့် ဇော်ဂျီဖွန့်နဲ့ သူကအမြဲထိတွေ့နေတယ်။


Overall Experience – 10


မြန်မာစာဖွန့်တွေကို ပိုပြီးသုံးရစွဲရတာအဆင်ပြေလာအောင် အားထုတ်တဲ့နေတဲ့ဘလော့ဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။ အားလုံးအတွက်အကျိုးရှိပါတယ်။

http://blog.nyilynnseck.com/

Filed Under:

About the Author

Ashin Mettacara