ကေသွယ်ဘလော့ သုံးသပ်ချက်


၂၀၀၇ ဧပြီလက အစပြုခဲ့တဲ့ ကေသွယ်ဆိုတဲ့ ဘလော့လေးပါ။ သြစတေးလျအခြေစိုက်ဘလော့ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းရှိပြီး သူမနဲ့အကြောင်းရာတွေကို တခြားသူတွေကို မျှဝေပေးချင်နေပုံရသည်။ ဒါပေမယ့် အမျိုးသမီးဖြစ်နေလေတော့ ဘုရားရှင်ကို တခြားသူထက်ပိုပြီး ယုံကြည်ပုံရသည်။

Visual Aesthetics – 10
ကေသွယ်ဘလော့က ဆန်းသစ်မှုအပိုင်းတွေရှိတယ်။ သေသပ်တယ်။ သပ်ရပ်တယ်၊ ခန့်ညားတယ်၊ ကြည့်ကောင်းတယ်။ IE နဲ့ပဲကြည့်ကြည်၊ Firefox နဲ့ပဲကြည့်ကြည့်၊ Opera နဲ့ပဲကြည့်ကြည့် ကြိုက်တဲ့ဘရောက်ဇာနဲ့ကြည့် အကုန်ရတယ်၊ လှတယ်။ Custom headerက လိုဂိုကိုတော့ အကြိုက်ဆုံးပဲ၊ ဒီဇိုင်းကလှသလို၊ အတွေးစကားလုံးများကလည်း ထိရောက်ရောက်ပြောဆိုနိုင်တာကို တွေ့ရတယ်။ နောက်ခံအရောင်နဲ့ စာလုံးအရောင် လိုက်ဖက်မှုအပါဝင် blockquote သုံးတာကအစ ကြည့်ကောင်းတယ်။ Sidebar တွေမှာထားတဲ့ လင့်တွေ၊ ကွန်မန့်တွေကလည်း သန့်သန့်ရှင်းရှင်းရှိတယ်။ Template ဒီဇိုင်းကတော့ ၂၀၀၈မှာ ထွက်ရှိခဲ့တဲ့ Ariane Naranjoရဲ့လက်ရာပါ။


User Friendliness – 10

ကေသွယ်ဘလာ့ကို မသိတဲ့သူမရှိသလောက်ပဲ၊ တော်တော်များဘလော့တွေမှာ ကေသွယ်လင့်ကို တွေ့ရှိနိုင်တယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ၊ ပီဒီအက်ဖ်ဖိုင်တွေ တင်ထားတာ နည်းတဲ့အတွက်လည်း အသုံးပြုရတာ ရှောရှောအိအိရှိတယ်။ ပို့စ်အရေအတွက်က နည်းတော့ address bar ပေါ်မှာ သူမလိပ်စာရိုက်ထည့်လိုက်တာနဲ့ တန်းပွင့်တယ်။



Reading Enjoyment – 10
ကော်ဖီခွက်နဲ့ ကေသွယ်ဘလော့က လိုက်ဖက်မှုရှိတယ်။ ကဗျာတွေ၊ စာတွေဖတ်ပြီး အန်ထွက်လာတဲ့ အတွေးတွေကို ဘလော့ဖတ်သူတွေကို ပြန်ကြွေးတယ်။ ရပ်ကွက်ထဲမှာဖြစ်ပျက်နေတဲ့အကြောင်းရာတွေကိုလည်း လောဘ၊ ဒေါသ ၊မောဟတရားတွေနောက်မှာ မာနကပ်ပြီး ရေးဖွဲ့တတ်တော့ ဖတ်ရှုသူတို့ စိတ်မော၊ ကိုယ်မောဖြစ်ကြရတယ်။ “မနက်ခင်းလေး” ပို့စ်ဟာတော်တော် အသက်ဝင်တယ်။ အကြောင်းအရာမျိုးစုံးကို တစ်နေရာထဲကနေ ထိုင်းပြီးပြောနေသလိုမျိုး ခံစားရလို့ စာဖတ်သူတွေ ကြွေသွားကောင်း ကြွေသွားနိုင်တယ်။


Useful Info – 10
အဓိကကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ယဉ်ကျေးမှု၊ အကျင့်စရိုက်တွေနဲ့ ကွဲပြားခြားနားရာနေရာကနေ မတူညီမှု၊ အံကိုက်မဖြစ်မှုတွေ၊ ဖြစ်ပျက်ခဲ့၊ တွေ့ကြုံတွေ့ခဲ့ရမှုတွေကို အခြေခံပြီး တစ်ခြားသူတွေကို ပြန်ပြီး မျှဝေခြင်းပါပဲ။ ခံစားကြစေ၊ သိကြစေဆိုတာပါပဲ။


Overall Experience – 10
လုံးဝလုံးဝဖတ်လို့ကောင်းတယ်။ ကိုယ့်တွေ့လေးတွေကို မျှဝေပေးနေတဲ့ဘလော့ပါ။ ကော်ဖီသောက်ချင်လို့ကတော့ ကေသွယ်ဘလော့ဆီသွား၊ အမြဲတမ်း ကော်ဖီငွေ့ တထောင်းထောင်းနဲ့ရယ်။

http://kthwe.blogspot.com/

Filed Under:

About the Author

Ashin Mettacara