ကလိုစေးထူးဘလော့ သုံးသပ်ချက်







ကလိုစေးထူးဆိုတာ ကရင်လူမျိုးမဟုတ်ပေမယ့် ကရင်ရွားသားတစ်ယောက်ပါ။ သူ့ရွာစကားကို အစွဲပြုပြီး ကလို (ဖားစည်) စေး(ငွေ၊) ထူး (ရွှေ) လို့ သူ့ဘလော့ကို သမုတ်ထားတယ်။

Visual Aesthetics – 8

၂၀၀၆ ကနေစပြီး ဘလော့ရေးခဲ့ကြသူတွေအများစုဟာ Douglas Bowman ရဲ့ ဒီဇိုင်းကိုမပြောင်း ဒီတိုင်းထားတတ်ကြတယ်။ ကလိုစေးထူးရဲ့ဘလော့ကလည်း ဒီတိုင်းလေးပဲ ကြည့်လို့ရှုလို့ကောင်းပါတယ်။ သပ်ရပ်တယ်။ အီးအိုတီ နဲ့ မြန်မာဖွန့်ကုဒ်ထည့်ထားတော့ မြန်မာစာလုံးတွေ ရှင်းရှင်းလင်းလင်းဖတ်လို့ရတယ်။ နောက်ခံအပြာရောင်က တောက်ပလွန်းတော့ စာလုံးအရောင်ကအဖြူဆိုတော့ ဖတ်ရတာ မျက်စိနည်းနည်းကျိန်းလာသလိုပဲ။


User Friendliness – 9
ဖတ်ရပြုရတာ အဆင်ပြေပါတယ်။ ညာဘက်ဘေး sidebar မှာ Archive ထားတဲ့အတွက် ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်တုန်းက ဘာတွေရေးခဲ့တယ်ဆိုတာ အလွယ်တကူ ရှာဖွေလို့ရတယ်။ နောက်ပြီး label လေးတွေလုပ်ထားတဲ့အတွက်လည်း ကဗျာဆိုလဲ ကဗျာ၊ ရသစာစုဆိုလဲ ရသစာစု ပေးစာဆိုလဲ ပေးစား သူ့နေရာနဲ့တူ လွယ်လွယ်ကူကူ ဖတ်ရှုလို့ရတယ်။ သူ့မှာလည်း ဗီဒီယိုနဲ့ ဓာတ်ပုံနည်းတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါးလေးပါ


Reading Enjoyment – 10
ကလိုစေးထူးက သူငယ်စဉ်ဘ၀ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ လက်ရှိ ပြည်ပမှာ သူတွေ့ကြုံနေရတာတွေကို သူ့ဘလော့ပရိသတ်တွေကို ပြောပြပေးနေပါတယ်။ မြန်မာစာအရေးအသားကောင်းတဲ့အတွက် ဖတ်လို့ကောင်းသလို ပရိသတ်တွေကလည်း တောင်းကြပါတယ်။ သူကားစီးခဲ့ရတဲ့အတွေ့အကြုံတွေကအစ ထိထိမိမိနဲ့ တစ်ဖက်သားကို စိတ်ဝင်စားအောင် ရေးသားနိုင်သူ။ အတွေးကောင်းတဲ့ဘလော့ဆိုတော့ ဘလော့ဆဖီ လို့တောင် ခေါ်သင့်တယ်။


Useful Info – 10
ဝတ္ထုတိုကြိုက်သူများအတွက် သူရေးထားတဲ့ ၀တ္ထုတိုတွေရှိတယ်။ ရသစာစုတွေလည်း ရှိတယ်။ မြန်မာစာသတ်ပုံနဲ့ပတ်သက်ပြီး ထောက်ပြထားတွေကိုလည်း တွေ့ရတယ်။


Overall Experience – 10

ရသတကယ်အပြည့်ပေးနိုင်တဲ့ဘလော့တစ်ခုပါ။ မြန်မာစာအရေးအသားတွေကို သူ့ဘလော့မှာလေ့လာလို့ရနိုင်တယ်။ ပြောနေကြတယ် ကလိုစေးထူးဆီ အရောက်လှမ်း။

http://klosayhtoo.blogspot.com/

Filed Under:

About the Author

Ashin Mettacara