နိုင်းနိုင်းစနေဘလော့ သုံးသပ်ချက်






“စနေသမီး ဘာမှမကြီးဘူး သံယောဇဉ်တော့ ကြီးတယ်” ဆိုတဲ့ နိုင်းနိုင်းစနေ။ ၂၀၀၆ ခုနှစ်ကတည်းက သူမဘလော့ကို စတင်ရေးသားခဲ့တာပါ။ ငါ့ထက် မြန်မာစာ၊ စကားကျွမ်းတဲ့ လားဟူလူမျိုး တစ်ယောက်ပါ။ တချို့ပြောနေကြတာ ကြားတယ် နိုင်းနိုင်းစနေဘလော့က လှန်ထွက်နေတာပဲတဲ့။ လှန်ထွက်နေတယ်ဆိုတာ ဘာလဲလို့မသိတော့ မေးကြည့်မိတယ်။ လှန်ထွက်နေတယ်ဆိုတာ တော်တော်ကောင်းတာကို ပြောတာ ဦးဇင်းရဲ့။ အော် ဗုဒ္ဓေါ။ လှန်ထွက်နေအောင် ကောင်းတဲ့ နိုင်းနိုင်းစနေ ဘလော့ပါတကား။ :D



Visual Aesthetics – 9


ခွေးတစ်ကောင်နဲ့အတူ ကြောက်တုံးပေါ် ဖင်ခုထိုင်ရင်း ရေထဲက ဗျိုင်းတစ်ကောင်ရဲ့ အရိပ်ကို တအံ့တကြငေးမောကြည့်ရှုနေတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ပုံနဲ့ custom header logo ကို သရုပ်ဖော်ထားတယ်။ ဘေးဘက် ၀ဲယာနောက်ခံဒီဇိုင်းကို ဗလာစာရွက်ပေါ်မှာ သူကိုယ်တိုင် ဖောင်တိန်တစ်ချောင်းကိုင်ပြီး ရေးသားနေတဲ့ဟန်ကို ဓာတ်ပုံရိုက်ပြီး တင်ထားထားပါတယ်။ အောက်ခြေဘန်းတန်းမှာတော့ စီဘောက်စ်တို့ သူ့ကဗျာဓာတ်ပုံတို့ တင်းထားတာကိုလည်းတွေ့ရတယ်။ ဘလော့လေးက သပ်ရပ်ပြီး ရှိနေတာကြောင့် ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင်ကများ ဘလော့ကွင်းဆင်းပြီး အခုလိုမျိုးလုပ်ပေးထားသလားထင်ရတယ်။ :D


User Friendliness – 10

ဝဲယာဘက်ဘက် sidebar မှာ Archive ထားတဲ့အတွက် ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်တုန်းက ဘာတွေရေးခဲ့တယ်ဆိုတာ အလွယ်တကူ ရှာဖွေဖတ်ရှုလို့ရတယ်။ ကြိုက်ရာဖတ်ပါ ဆိုတဲ့ စာတမ်းအောက်မှာ လေဘယ်လ်လေးတွေရှိတယ်။ နိုင်းနိုင်းစနေလေဘယ်လ်ကို နှိပ်လိုက်တာနဲ့တင် သူမပြောထားတဲ့ ဘ၀အပိုင်းအစတွေရော၊ သူမရေးခဲ့ပို့စ်တွေကို အာလုံးကို လွယ်လွယ်ကူကူ ဖတ်ရှုပ်လို့ရနိုင်အောင် လုပ်ထားတာ တွေ့ရတယ်

Reading Enjoyment – 10


နိုင်းနိုင်းစနေဘလော့ကတော့ အထူးအထွေပြောနေစရာတောင် မလိုဘူး၊ ဖတ်ရတာ လှန်ထွက်နေအောင် လန်းတယ်လို့ပြောရမယ်။ ကဗျာကြိုက်တဲ့သူတွေအတွက်ရော ဘာသာပြန်ကြိုက်တဲ့သူတွေအတွက်ရော အချစ်အကြောင်းသိချင်သူတွေရော ဟင်းသီး ဟင်းလှော် အကြော်အသုပ် အပြုတ် စားသောက်ဖွယ်ရာကိုတွေ စိတ်ဝင်စားသူတွေရောပါမကျန် အားလုံးစိတ်ဝင်တစားရှိကြတယ်။ တစ်ရာ ရာခိုင်နှုံး enjoyment အပြည့်ပေးနိုင်တဲ့ဘလော့လို့ ပြောရမှာပါ။



Useful Info – 9
ကဗျာတွေ၊ ဓာတ်ပုံ၊ ဘာသာပြန်ဖတ်ချင်ရင် နိုင်းနိုင်းစနေမှာရှိတယ်။ နေ့စဉ်ဘ၀ဒိုင်ယာယီတွေဖတ်ချင်လည်းရှိတယ်။


Overall Experience – 10

နိုင်းနိုင်းစနေဘလော့ကို မျက်စိကျယ်ကျယ်နဲ့ ဖတ်သင့်တယ်။ ဘယ်လိုသင့်လဲဆိုရင်။ အမျိုးသမီးငယ်တွေဖြစ်နေပါက ဂွေးသီးသုပ်၊ မန်ကျည်းသီးသုပ်၊ ဇီးသီးသုပ်၊ ဖြစ်နိုင်မယ်ဆိုရင် ကိုးရီးယားကင်ချီပါရောပါမကျန် ဘေးမှာထား စားပြီး ဖတ်သင့်ပါတယ်။ သကြား ၂ ကီလို နဲ့ မြန်မာလဘက်ခြောက် ၂၅၀ ဂရမ်ရေားထားတဲ့ ရေနွေးကြမ်းကို ဘေးမှာထား သောက်ပြီး ဖတ်သင့်တယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်းနိုင်းစနေက ဘလော့ကို ပျိုပျိုအိုအိုကြိုက်ပုံရတယ်။ လှန်ထွက်နေအောင် ကောင်းတဲ့ဘလော့ကို လှန်ထွက်နေအောင် သွားရောက်ဖတ်ရှုကြစေလိုပါတယ်။

http://nineninesanay.blogspot.com/


Filed Under:

About the Author

Ashin Mettacara