ခင်မမမျိုးဘလော့ သုံးသပ်ချက်

၂၀၀၇ စက်တင်ဘာ အရေးအခင်းမဖြစ်ခင်ကတည်းက ဒေါ်ခင်မမမျိုးဟာ ဘလော့ပေါ် ရောက်ရှိနေခဲ့တာပါ။ ဒီဘလော့ကို အင်္ဂလန်ကနေ အခြေစိုက်ဖြစ်ပုံရပါတယ်။ သူမရဲ့အင်္ဂလိပ်ပို့စ်တွေအောက်မှာ တွေ့ရတဲ့ အကိုးအကားမျိုးတွေဟာ ပညာရေးနယ်ပယ်ထဲက အကိုးအကားမျိုးတွေဖြစ်လို့ ပညာရေးနယ်ပယ်ထဲက အတွေ့အကြုံရင့်ကြက်သူအမျိုးသမီးတစ်ဦးလို့ ယူဆမယ်ဆိုရင် မမှားပါဘူး။

Visual Aesthetics – 4
ရိုးရိုးဘလော့ template ပေါ်မှာ ရိုးရိုးလေးဆို ရိုးရိုးလေး ကြည့်ကောင်းတဲ့လိုဂိုလေးတစ်ခုက လွဲလို့ ဘာဆိုဘာမှကို ပြုပြင်ထားတွေမရှိပါ။ အထဲမှာ ဖွန့်ကုဒ်တွေမထည့်ထားတဲ့အတွက်ကြောက် ဖတ်ရတာနည်းနည်းတော့ အခက်တွေ့ကောင်းတွေ့မယ်။ IE နဲ့ဆိုရင်တော့ ဘာမှမြင်ရဖို့မရှိပါဘူး။ ဒါပေမယ့် ဖတ်လို့ရတဲ့နည်းနဲ့ ဖတ်ရင်ဖြစ်တယ်။

User Friendliness – 9
ခင်မမမျိုးဘလော့ကိုလည်း နေရာတော်တော်များမှာ တွေ့နေရတာမို့ သွားရောက်လည်ပတ်ဖို့ လွယ်ကူစေမှာပါ။ ဒါအပြင် ခင်မမမျိုးဆိုတဲ့ နာမည်ဟာ ရေးပမ်းစားတဲ့ နာမည်ဖြစ်လို့ သူမဘလော့ကို ရှာတွေ့ဖို့က သိပ်ပြီး ခက်ခဲလိမယ့်မယ် မထင်ပါဘူး။


Reading Enjoyment – 10

ခင်မမရဲ့ဘလော့ကို ဘကြီးဘုန်းကြီးများအနေနဲ့ စတုမဓူဘုဉ်းပေးရင်း ဖတ်မှ ပိုပြီး နိုင်ငံရေးအဓိပ္ပါယ်တွေကို ပိုသဘောပေါက်မယ်။ နိုင်ငံရေးသမားများအတွက် ဆိုရင်တော့ နိုင်ငံရေးအကြောင်းအရာတွေကို ပြောဆိုဆွေးနွေးဖို့အတွက် အရက်ပုလင်းအကူအညီပါမှ ရလိမ့်မယ်ထင်တယ်။ ခင်မမမျိုးရဲ့ဘလော့ဟာ နိုင်ငံရေးအကြောင်းတွေကို အဓိကထားရေးလို့ ပညာရေးနဲ့ဆိုင်တဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေအတွက် အကျိုးရှိတယ်။ ဖတ်လို့မှတ်လို့ကောင်းတယ်။ တစိမ့်စိမ့်နဲ့ အီဆိမ့်အောင်ကောင်းပါတယ်။

Useful Info – 10

လူမှုရေး၊ နိုင်ငံရေး၊ စိးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ အမျိုးသမီးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်ရေး စတဲ့အရေးပေါင်းသောင်းခြောက်ထောင်ကို ခင်မမမျိုးဘလော့ပေါ်မှာ ဖတ်ရှုနိုင်တယ်။


Overall Experience – 10
အရေးပေါင်းမြောက်များစွာကို ရှုတောင့်ပေါင်းစုံကနေ တင်ပြပေးနေတဲ့အတွက် ဖတ်ကြဖို့ အရေးကြီးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးကြတဲ့ဘလော့အချို့ရှိကောင်းရှိမည် ။ ဒါပေမယ့် ခင်မမမျိုးလောက် တစ်စိုက်မတ်မတ်ရေးလာသူတွေ မတွေးသေးဘူး။ နိုင်ငံရေးဆိုတာ လူမှုရေးသိပ္ပံနယ်ပယ်ထဲက တစ်စိတ်တစ်ဒေသဖြစ်လို့ အားလုံးနဲ့ဆိုင်တယ်။ ခင်မမမျိုးဘလော့ဆီ အရောက်သာလှမ်းကြပေတော့။

http://www.khinmamamyo.blogspot.com/

Filed Under:

About the Author

Ashin Mettacara