မင်းဒင်ဘလော့ သုံးသပ်ချက်







မင်းဒင်ဆိုတာ ဘယ်သူလဲ ဆိုတဲ့မေးခွန်းကို အဖြေမပေးချင်ဘူး။ မင်းဒင်ဆိုတာ တကယ့်ဇာတ်လိုက်တစ်ယောက်။ အပြင်မှာ တကယ်ရှိနေတယ်။ လှပတဲ့ပယ်လယ်ကမ်းစပ်ရဲ့ တစ်နေရာမှာ တစ္ဆေခြောက်တဲ့ နှစ်ထပ်ရဲတိုက်ကြီးတစ်တိုက်ရှိတယ်။ အဲ့ဒီအဆောက်အဦးထဲက မနောမယ ကွမ်းဘမ်းကို ဘေးမှာထားပြီး မနောမယ ကွန်ပျူတာတစ်လုံးနဲ့ တစ်တောက်တောက်ခေါက် အလုပ်တွေရှုပ်နေတာ မင်းဒင်ပေါ့ဗျာ။


Visual Aesthetics – 9


ကပ်စ်တမ်လိုဂိုကို ဖလက်နဲ့လုပ်ထားတယ်။ မင်းဒင် ဆိုတဲ့ စာတမ်းလေး အရင်ပေါ်လာလိုက် နောက် ချမ်းသာကိုယ်စိတ်မြဲပါစေ ဆိုတဲ့စာတမ်းလေး ပေါ်လာလိုက်လာနဲ့ စာတမ်းထိုးနဲ့ မင်ဒင်ဘလော့။ ကြည့်လို့ကောင်းတယ်။ နောက်ခံတစ်လုံးရဲ့အရောင်နဲ့ စာလုံးတွေကလည်း ကိုက်ညီမှုရှိတယ်။ ကြည့်ရတာရှင်းတယ်။ Google က ဓါတ်ပုံတော်တော်များများကို ပို့စ်တိုင်းမှာ အသုံးပြုထားတာကိုလဲ တွေ့ရတယ်။


User Friendliness – 9

www.mindin.info က http://mindin.blogspot.com/ ထက်စာရင် ပိုပြီး လွယ်လွယ်ကူကူနဲ့ သိနိုင်တဲ့လိပ်စာ။ ဒါကြောင့်လည်း မင်းဒင်ဘလော့ဟာ တိုတောင်းတဲ့ကာလအတွင်းမှာ လူကြိုက်များပြီး လူစည်းကားတဲ့ဘလော့တစ်ခုဖြစ်လာခဲ့တယ်။ သူရေးထားတဲ့ဝတ္တုတိုတွေကို ပီဒီအက်ဖ်ဖိုင်လေးတွေနဲ့ အလွယ်တကူဒေါင်းလုပ်လုပ်နိုင်အောင် sidebar မှာ သေချာစီစဉ်ပေးထားတယ်။ ဒါ့အပြင် အဲ့ဒီ sidebar မှာပဲ ရေးခဲ့ဖူးသမျှတွေ ခေါင်းစဉ်နဲ့ label လေးတွေလုပ်ထားတဲ့အတွက်လည်း ပိုပြီးအဆင်ပြေပြေ ကြိုက်တာလေးတွေကို ရွေးပြီး ဖတ်လို့ရတယ်။



Reading Enjoyment – 10

မင်းဒင်ဘလော့ကိုဖတ်ရတာ တရုတ်ကား၊ ကိုရဲီးယားကားကြည့်ရသလိုပဲ အပိုင်းတွေ အခန်းဆက်တွေသိပ်များတယ်။ အပိုင်း (၇၈) ထိရောက်ပြီ ။ ပရိသတ်ကလည်း မင်းဒင်ရဲ့ သက်ခိုင် နောက်ထပ်ဘာတေများဖြစ်လာမလဲဆိုတာ စောင့်မျှော်ရင်း စောင်းမျှော်လျက်သာ။ မင်းဒင်ကိုယ်တိုင်လည်း ဘယ်တော့လောက်ရပ်တန့်ရမယ်ဆိုတာ အသေအချာမသိသေး။ ဘယ်လိုပဲဖြစ်ဖြစ် ရေးသူရော၊ ဖတ်သူပါ ဒီမင်းဒင်ရဲ့ သက်ခိုင်ဝတ္ထုထဲမှာ ယစ်မူးနေကြတယ်။


Useful Info – 10
တကယ့်အစစ်မှန်တွေ၊ အဖြစ်ပျက်တွေ၊ ၀တ္ထုတွေ မင်းဒင်ဘလော့မှာရှိတယ်။


Overall Experience – 10


မင်ဒင်းရဲ့ သက်ခိုင်မှာ တကယ့်အဖြစ်မှန်တွေ ပါကောင်းပါနိုင်တယ်။ မဆုံးနိုင်တဲ့ အခန်းဆက်တွေကို ဆက်မျှော်ဖို့ မင်းဒင်ဘလော့ကို သွားကြစို့

http://www.mindin.info/

Filed Under:

About the Author

Ashin Mettacara