မိုချိုသင်းဘလော့ သုံးသပ်ချက်


မိုချိုသင်းဘလော့ကိုတော့ ကဗျာဆရာကြီး ဦးတင်မိုးရဲ့သမီး ဒေါ်မိုချိုသင်းရေပါတယ်။ ဘမျိုးဘိုးတူဆိုတဲ့အတိုင်း ဖခင်ဖြစ်သူကဗျာဆရာကြီး ဦးတင်မိုးက ကလောင်သွားထက်သလို သမီးဖြစ်သူ ဒေါ်မိုချိုသင်းကလည်း လက်ဝါးစောင်းထက်ပါတယ်။ အရေးအသားအလွန်ကောင်းတဲ့အတွက် အချိန်တိုအတွင်းမှာ လူသိများပြီး အားပေးသူအလွန်ပေါတဲ့ ဘလော့တစ်ခုပါ။
Visual Aesthetics – 5
တချိန်တုန်းက 3 column အရေးများခဲ့တဲ့ Herbert ဘလော့စတိုင်ကို ယူသုံးထားတာပါ။ နောက်ခံတစ်ခုလုံးရဲအရောင်က အ၀ါရောင်ဖျော့တော့တော့လေးနဲ့ဆိုတော့ မဆိုးပါဘူး စာလုံးတွေဖတ်ရတာ ရှင်းပါတယ်။ custom headerကို နောက်ခံကို မင်ပြာရောင်၊ အဲ့ဒီအပေါ်မှာ စာလုံးကအဖြူရောင်ဆိုတော့ ကြည့်ရတာ သပ်ရပ်နေသလိုပဲ။ custom header ကို ဓါတ်ပုံအစားထိုးအသုံးပြုမယ်ဆိုရင်တော့ ပိုပြီးကြည့်ကောင်းလောက်တယ်။

User Friendliness – 9
မိုးချိုသင်းဘလော့က သူပုရိသတ်နဲ့သူနိုင်တယ်လို့ဆိုရမှာ။ သူလင့်ကိုတော့ နေရာတော်တော်များ သိပ်မတွေ့ရပေမယ့် ပုံမှန်လာရောက်လည်ပတ်နေကြလူတွေကို ထပ်ကာတလဲလဲ လာနိုင်အောင် သူမရဲ့အရေးအသားစွမ်းရည်တွေနဲ့ ဆွဲဆောင်ထားတယ်။

Reading Enjoyment – 10
ဘလော့ဖတ်သူတွေဟာ အမျိုးသမီးတွေဖြစ်ကြမယ်ဆိုရင် နေကြာစေ့လှော်၊ မြေပဲဆားလှော်၊ နေကြာစေ့လှော် အထုပ်တွေကို ဘေးမှာ ထားပြီး စားရင်းဝါးရင်းနဲ့ မိုးချိုသင်းဘလော့ကို ဖတ်သင့်ပါတယ်။ မိုးချိုသင်းမှတ်တမ်းဆိုတဲ့ခေါင်းစဉ်နဲ့လိုက်ပါတယ်။ သူမတွေ့ကြုံခဲ့တဲ့အကြောင်းအရာတွေကို မှတ်တမ်းသဘောမျိုးရေးထားတာကို အများဆုံးတွေ့ရပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရောပါမကျန် သူများအကြောင်းပိုပြီးစိတ်ဝင်တစားရှိကြတယ်ဆိုတာကို မိုချိုသင်းဘလော့လာဖတ်သူကွန်မန့်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ တဟီးဟီးတဟားဟားရယ်ရမယ့်အကြောင်းအရာတွေလည်း ပါတော့ ဖတ်ရတာ လူအများ နှစ်သက်ပါတယ်။

Useful Info – 10
မိုးချိုသင်းဘလောမှတ်တမ်းက ဆောင်သင့်တာကိုဆောင် ရှောင်သင့်တာကိုရှောင်၊ လုပ်သင့်တာကိုလုပ်၊ မလုပ်သင့်တာကို မလုပ်နဲ့ လို့ တိုက်ရိုက်မပြောဆိုပေမယ့် ဖတ်ပြီးရင်တကယ်ထိရောက်တဲ့မက်ဆေ့တွေကို ပေးနိုင်ပါတယ်။ ကိုယ်ကမိန်းကလေးဖြစ်လေတော့ ကိုယ်ကမိန်းကလေးဖြစ်နေတော့ ဆိုတဲ့စကားကို တော်တော်အသုံးများတာတွေ့ရလို့ အမျိုးသမီးတွေအတွက် နေရာတကာမှာ လွတ်လွတ်လပ်လပ်နေရာမရှိဘူးဆိုတာကို ပြောချင်နေပုံရပါတယ်။

Overall Experience – 10
မိုးချိုသင်းဘလော့ကို ဖတ်ပြီးကြသူတိုင်း နောက်လာမဖတ်ကြတဲ့သူမရှိသလောက်ဆိုတာ ကွန်မန့်တွေကို ကြည့်ရင် သိသာပါတယ်။ သူမဘလော့ဟာ ဆွဲဆောင်မှုရှိတယ်၊ လမ်းညွှန်မှုရှိတယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့အားလုံးကို သွားဖတ်ဖြစ်အောင်ဖတ်ကြဖို့ တိုက်တွန်းချင်တယ်။

http://moechothin.blogspot.com/

Filed Under:

About the Author

Ashin Mettacara