မေငြိမ်းဘလော့ သုံးသပ်ချက်


မေငြိမ်းဘလော့ဟာ နာမည်ကြီး စာရေးဆရာမ ဒေါ်မေငြိမ်းရဲ့ ဘလော့ဖြစ်ပါတယ်။ ၂၀၀၇ မေလမှာ သူမဘလော့ကို ကိုယ်ပိုင်ကဗျာတွေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖြန့်ဝေခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ် (၆၀)ထိနဲ့ ၀တ္ထုတို၊ ၀တ္ထုရှည်တို့ကို ရေးသာဖော်ပြခဲ့ပါတယ်။ ယခုအခါ ကိုယ်တွေ့ခံစားချက်များ၊ ကိုယ်တွေ့အကြောင်းအရာများ၊ သူမအမြင်များကို ဘလော့လာဖတ်သူများအား အသိပညာတွေဖြန့်ဝေနေပါတယ်။


Visual Aesthetics – 7
မေငြိမ်းဘလော့ဒီဇိုင်းနာကတော့ template ရိုးရိုးလေးတွေကိုပဲ ရေးလေ့ရှိတဲ့ Douglas Bowman ပါ။ ဟိုးရှေးရှေးက ရာဖ၀င်ထဲမှာရှိခဲ့ ရန်ကုန်တက္ကသိုလ်အဆောက်အဦးကို ပြန်လည်သတိယတမ်းအောင် လိုဂိုကို ရိုးရိုးရှင်းရှင်းပဲ ဒေါ်မေငြိမ်းကအသုံးပြုထားပါတယ်။ ပို့စ်တွေကို မခေါက်ထားပေမယ့် မျက်စိကို မရှုပ်စေပါဘူး။



User Friendliness – 9
ထိုင်းအခြေစိုက်ဘလော့တွေနဲ့ အတိုက်အခံအဖွဲ့အစည်းတွေရဲ့ဘလော့တွေ တော်တော်များများမှာ မေငြိမ်းဘလော့ကို နေရာတိုင်းတွေ့မြင်နိုင်ပါတယ်။ အဲ့ဒီအတွက်လွယ်တယ်လို့ ဆိုရမှာပါ။ သို့သော် မေငြိမ်းရဲ့ manynyane.blogspot.com လိပ်စာအမှန်ကို မသိတဲ့သူတစ်ယောက်က၊ search engine တွေကို ကောင်းကောင်းမသုံးတတ်သူတစ်ယောက်က manynyein.blogspot.com လို့ပဲ အများအားဖြင့် ၀င်ရောက်ကြပါမှာ။



Reading Enjoyment – 10
အထူးပြောစရာမလိုပါဘူး။ မေငြိမ်းဘလော့ကတော့ လူတိုင်းဖတ်သင့်တဲ့ဘလော့ပါ။ သူမအရေးအသားတွေကို အတုယူကြရမှာပါ။ လူတိုင်းနှစ်သက်မှုအပြည့်အ၀ရရှိကြလိမ့်မယ်လို့ ယုံကြည်တယ်။


Useful Info – 10
စာရေးဆရာမဘလော့ဖြစ်တဲ့အတွက် တစ်ခေတ်တစ်ခါက ထင်းရှားကြော်ကြားခဲ့တဲ့ မြန်မာစာပေအဘိုး၊အဘွား၊မိခင်၊ ဖခင်တို့ရဲ့ ကဗျာတွေ၊ လင်္ကာတွေ၊ ပျို့တွေကို သူမရဲ့ပို့စ်တွေထဲမှာ ကိုးထားတာကို တွေ့ကြရမှာပါ။


Overall Experience – 10

လူတိုင်းဖတ်သင့်ပြီး အကျိုးရှိမယ့်ဘလော့ပါ။

http://maynyane.blogspot.com/

Filed Under:

About the Author

Ashin Mettacara