နာမည်ကျော်ကြား အမျိုးသမီး ဘလော့ဂါများ
Ana Marie Cox ဆိုတဲ့အမျိုးသမီးကတော့ wonkette.com မှာ အယ်ဒီတာချုပ် တစ်ယောက်ပါ။ သူမရဲ့ နိုင်ငံရေးအတင်းအဖျင်းဘလော့နဲ့ သူမနဲ့ လိုက်ဘက်ပါတယ်။ အရေးအသားတွေက တစ်ခါတစ်ရံမှာ ခပ်ချွန်ချွန် နဲ့ တစ်ခါတစ်ရံမှာ ထေ့လုံး ငေါ့လုံးတွေ အသုံးအနှုံးတွေ ဖောင်းပွလို့ နေတတ်ပါတယ်။ အခုတော့ သူမရဲ့ဘလော့ဟာ ၀ါရှင်တန်မှာ အရှိန်အ၀ါ၊ သြဇာလွှမ်းမိုးမှုအရှိဆုံးဘလော့ ဖြစ်လို့နေပါပြီ။ သူမဟာ တိုင်းမဂ္ဂဇင်းနဲ့ ဘလော့တိုင်းတို့မှာလည်း စာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။
Gina Trapani ဆိုတဲ့အမျိးသမီးကတော့ lifehacker.com ရဲ့ ပိုင်ရှင်ဖြစ်သလို အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။ သူမရဲ့ ဘလော့ဟာ တစ်လကို page view ပေါင်း ၇ သန်းရှိတဲ့ အထင်ကရဘလော့တစ်ခုပါ။ သူမဘလော့မှာ နည်းပညာနဲ့ ကိုယ်တိုင် ကုန်ထုတ်နိုင်မှုစွမ်းအား များကို အဓိကထား ဆွေးနွေးပါတယ်။ ဒါ့အပြင် ထိပ်တန်း မဂ္ဂဇင်းကြီးများဖြစ်တဲ့ Wired ၊ Popular Science ၊ PC World ၊ dan MacWorld တို့မှာလည်း နည်းပညာနဲ့ ပတ်သက်ပြီး ရေးသားနေပါတယ်။ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Upgrade Your life: The Lifehacker Guide to Working Smarter, Faster, Better စာအုပ်ရဲ့ စာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။
Michelle Malkin ကတော့ အမေရိကန်မှာ ဘလော့ဂါ တစ်ဦးအဖြစ်နဲ့ပါ မက ရုပ်သံနဲ့ ရေဒီတွေမှာလည်း နိုင်ငံရေးအစီရင်ခံတင်ဆက်သူအဖြစ်တွေ့ကြရမှာပါ။ အကြီးအကျယ်ဆုံးဘလော့ကို သူမပိုင်ပါတယ်။ သူမဘလော့ကတော့ MichelleMalkin.com ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း page view ပေါင်း ၂၀၀.၀၀၀ ထိရှိပါတယ်။ အမျိုးသမီးတွေ ပိုင်တဲ့ဘလော့တွေထဲမှာ သူမဘလော့ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။
Ariana Huffington ဟာ HuffingtonPost.com ကိုတည်ထောင်သူ တစ်ဦးဖြစ်သလို ၄င်းဆိုက်ရဲ့ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ဘလော့ဟာ အအောင်မြင်ဆုံး ဘလော့ပါ။ သူမကိုယ်တိုင်လည်း အအောင်မြင်ဆုံး အမျိုးသမီးပါ။ Technorati ရဲ့ တစ်ရာစာရင်းမှာ သူမဘလော့ဟာ ထိပ်ဆုံးက ရှိနေတာဟာ သက်သေပါ။ ဒီဘလော့ကနေ သူမဟာ ၀င်ငွေကောင်းကောင်း ရရှိနေပါတယ်။ တစ်လကို ဒေါ်လာ ဂဏန်း ၇ လုံးလောက် ၀င်ငွေရှိတယ်လို့ ဆိုပါတယ်။
Mary Hodder ကတော့ Dabble.com ပိုင်ရှင်ပါ။ Barkeley တက္ကသိုလ်ကျောင်းဆက် တစ်ယောက်ဖြစ်ပါတယ်။ ဘလော့ကနေ သူမဟာ လူတွေကို သူမသိတဲ့ နည်းပညာတွေကို ဖြန့်ဖြူးပေးနေပါတယ်။ လက်တွေ့အသုံးချပြရတဲ့ နည်းပညာနဲ့က သူမမှာ အတွေ့အကြုံရှိပြီးသား။ လက်မနှစ်ချောင်းထောင်နိုင်တယ်။ အွန်လိုင်းမှာ ဒေတာဘေ့စ် ဘယ်လို လုပ်မလဲ သိချင်ရင် သူမဆီသွား။