လီဗာပူးလ်အတွက် ရာပြည့်ဂိုးသွင်းတဲ့ တောရက်စ် (လီဗာပူးလ် ၂ - ၁ ၀ီဂန်)


လီဗာပူးလ်ရဲ့ ဂန္တ၀င်နည်းပြကြီး ရှန်ကလေ အသင်းကို ကိုင်တွယ်မှု နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်မှာ လက်ရှိ တိုက်စစ်မှူး တောရက်စ်က အသင်းအတွက် သူ့ရဲ့ ရာပြည့်သွင်းဂိုးနဲ့အတူ ဂုဏ်ပြုလိုက်ပါတယ်။ အသင်းအတွက် အခက်အခဲဆုံး အချိန်ကာလများနှင့် ရင်ဆိုင်နေရသော လီဗာပူးလ်အသင်းမှာ တစ်ပွဲလုံး တိုက်ပွဲဝင် စိတ်ဓါတ်အပြည့်ဖြင့် ကစားသွားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးများကို အန်းဂေါ့နှင့် တောရက်စ်တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီးတွင် ဘင်နီတက်ဇ်က "တောရက်စ်အတွက်တော့ ပျော်ရွှင်ဖွယ် အောင်မြင်မှု အခိုက်အတန့်လေးပါပဲ.. ဒီပွဲကို အနိုင်ရဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိထားသလို ဒီပွဲကနေ ရလာမယ့် အလှည့်အပြောင်းကိုလဲ မျှော်လင့်ထားပါတယ်.. အခွင့်အရေး မြောက်များစွာနဲ့ ဒီထက်ပိုပြီး ဂိုးတွေ ရသင့်တယ်ဆိုပေမယ့် အရေးကြီးတဲ့ သုံးမှတ်ကို ဆုတ်ကိုင်နိုင်လို့ ပျော်ရွှင်ရပါတယ်.. ဘီလ်ရှန်ကလေရဲ့ အရေးပါတဲ့ အထိမ်းအမှတ်ပွဲမှာ အမှားအယွင်း မဖြစ်ပေါ်ခဲ့လို့ စိတ်သက်သာရာ ရခဲ့ပါတယ်.. သူဟာ လီဗာပူးလ်အသင်း သမိုင်းရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဆိုတာ ကျွန်တော် မေ့မထားပါဘူး.. ကျဉ်းမြောင်းတဲ့ အနိုင်ရလာဒ်ဆိုပေမယ့် အဓိကကျတာကို ရယူနိုင်ခဲ့ပါတယ်" ဟု ပြောကြားသွားခဲ့သည်။

ထိုနိုင်ပွဲသည် လီဗာပူးလ်အသင်း၏ ၁၆ ပွဲမြောက် ပွဲစဉ်တွင် လေးပွဲမြောက် အနိုင်ရလဒ် တစ်ခု ဖြစ်ခဲ့သည်။ အဖွင့်ဂိုးကို အန်းဂေါ့က ၉ မိနစ်တွင်ပင် သွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ၁၀၀ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့သူ တောရက်စ်က ၇၉ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုး အဖြစ် သွင်းယူခဲ့ခြင်း ဖြစ်သည်။

Sources MUTDFAN

Filed Under: ,

About the Author

Ashin Mettacara