မလေးရှားအသင်းက ဗီယက်နမ်အသင်းကို တစ်ဂိုး ဂိုးမရှိနှင့် နိုင်ပြီး ပွဲစွဲ
Ashin Mettacara
|
Thursday, December 17, 2009
|

၂၅ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် ဗီယက်နမ်အမျိုးသား အသင်းနှင့် မလေးရှား အမျိုးသား အသင်းတို့ ယနေ့ ညနေ ဒေသ စံတော်ချိန် ၄နာရီ၌ ယှဉ်ပြိုင် ကစားကြစဉ် မလေးရှားအသင်းက ဗီယက်နမ်အသင်းကို ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ မလေးရှားအသင်းအနေဖြင့် အနှစ် ၂၀ ကျော်ကြာပြီးနောက် ဘော့လုံးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
မလေးရှားအသင်းဟာ ဆီမီးဖိုင်နယ်မှာ လာအို့စ် အသင်းကို ၃ ဂိုး ၁ ဂိုးနှင့် အနိင်ရရှိခဲ့ပြီးနောက် စင်္ကာပူအသင်းကို ၄ ဂိုး ၁ဂိုးနှင့် အနိုင်ယူခဲ့တဲ့ အုပ်စုပြိုင်ဘက် ဗီယက်နမ်နှင့် နောက်ဆုံး ပွဲစဉ်မှာ ထပ်မံတွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်။ အုပ်စုပွဲစဉ်မှာတုန်းကတော့ မလေးရှားအသင်းက ဗီယက်နမ်အသင်း ၃ ဂိုး ၁ ဂိုးနှင့် ရှုံးခဲ့ပါသည်။ ဗီယက်နမ်အသင်းကို ယခုလို အနိုင်ယူစွဲနိုင်လိုက်တာဟာ မလေးရှားအသင်းရဲ့ အံ့ဖွယ် အားထုတ်မှုပင် ဖြစ်ပါသည်။
![]()

