ပေါင်သန်းလေးဆယ် ကိုင်ပြီး ဖာဘရီဂတ်စ်ကို ရရှိဖို့ လာမယ့်နွေရာသီမှာ တိုက်ပွဲဝင်မယ်ဆိုတဲ့ လာပေါ်တာ
Ashin Mettacara
|
Thursday, December 17, 2009
|

ဘာကာဥက္ကဌ ဂျွန်လာပေါ်တာကတော့ လာမယ့်နွေရာသီမှာ ဖာဘရီဂတ်စ်ကို ရဖို့အတွက် ပေါင်သန်းလေးဆယ်ကိုင်ပြီး တိုက်ပွဲဝင်မယ်လို့ ပြောခဲ့ကာ အာဆင်နယ်နဲ့ ၀င်းဂါးကို စစ်ကြို ကြေငြာလိုက်ပါပြီ။ လာပေါ်တာဟာ သူတို့ရဲ့ အကယ်ဒမီထွက် ဒီစပိန်ကစားသမားလေးကို သဲကြီးမဲကြီး လိုက်နေတာ ကြာပါပြီ။ ဒီနွေရာသီမှာတော့ အလျှော့မပေးဘူးလို့ အတိအလင်း စိန်ခေါ်စကား ဆိုခဲ့လို့ ၀င်းဂါး ခေါင်းရှုပ်ရပါပြီ။
လာပေါ်တာက "ဖာဘရီဂတ်စ်ဟာ ကျွန်တော်တို့နဲ့ လာပူးပေါင်းချင်တဲ့ ဆန္ဒရှိတာဟာ ကျွန်တော် အလျှော့မပေးလိုတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ပါပဲ.. လာမယ့် နွေရာသီမှာ မရမက ပြန်ခေါ်ဖို့ ဘာစီလိုနာအသင်းက ဆုံးဖြတ်ပြီးပါပြီ.. ငွေကြေးအကြောင်းတော့ လာမပြောပါနဲ့.. မတ်လကုန်မှာ သူ့ကို ခေါ်ယူနိုင်ဖို့ နည်းလမ်းတွေ စဉ်းစားပြင်ဆင်သွားမှာပါ.. သူဟာ ကမ္ဘာ့ထိပ်တန်း ပလေယာ တစ်ယောက်ပါ.. ဘာကာရဲ့ အနာဂတ် အစီအစဉ်တွေမှာ သူဟာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်လာမှာ မလွဲပါဘူး.. အဲဒီလို ခေါ်ယူဖို့ မလွယ်ကူပေမယ့် ဂန်းနားတွေနဲ့ ကျွန်တော်တို့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဘာကာအသင်းမှာ ၄င်းငွေကြေးဖြင့် ကမ်းလှမ်း၍ အဆင်မပြေပါက အာဆင်နယ် ကစားသမား ကိုလိုတိုရေး၏ ညီဖြစ်သူ ယာယာတိုရေးနှင့် အလိုက်ငွေသား ပေါင် သန်း ၃၀ ကို အသုံးပြုမည်ဟု ပြောကြားခဲ့သေးသည်။
Souce from: Mutdfan.com
![]()
Filed Under: Sport

