ဗုဒ္ဓ FM အွန်လိုင်းရေဒီယို စတင်ထုတ်လွှင့်
Ashin Mettacara
|
Wednesday, December 23, 2009
|

ဗုဒ္ဓတရားတော်နဲ့ ဓမ္မတေးတွေကို ၂၄ နာရီပတ်လုံး နားဆင်နိုင်တဲ့ ဗုဒ္ဓ FM အွန်လိုင်းရေဒီယို စတင်ထုတ်လွှင့်နေပြီဖြစ်ပါတ်။
ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို အခုလ ၁၉ ရက်နေ့ကစလို့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ကနေ ထုတ်လွှင့်နေပါတယ်။
ပြည်ပရောက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတွေ ဗုဒ္ဓတရားတော်တွေကို လွယ်လင့်တကူနာယူနိုင်ဖို့ ရည်ရွယ်ထုတ်လွှင့် တယ်လို့ ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို တည်ထောင်တဲ့ အရှင်မေတ္တာစာရက အခုလို ပြောပါတယ်။
" အဓိကာအားဖြင့် ဦးဇင်းတို့အနေနဲ့ ပြည်ပရောက်နေတဲ့ မြန်မာတွေ အနေနဲ့ မြန်မာတရားတော်တွေကို လွယ်လင့်တကူ အချိန်ပြည့် နာယူနိုင်အောင် အဲ့ဒီ ရည်ရွယ်ချက်ရယ်၊ နောက်တစ်ခု ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ တစ်ချို့က မြန်မာဗုဒ္ဓဘာသာ ဆိုပေမယ့် တော်တော်များများ ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ သူတွေက အများကြီးရှိတယ်။ အဲ့ဒီဲအတွက်ကြောင့် သူတို့ မသိလို့ရှိရင် ဒီဆရာတော်တွေ၊ ဒီအွန်လိုင်းကနေ မေးမြန်းနိုင်တယ်၊ အဲ့ဒီလို ပုံစံ ရည်ရွယ်ချက်နဲ့ လုပ်ပါတယ်။ "
ဒီအွန်လိုင်းရေဒီယိုကို လက်ရှိ အရှင်မေတ္တာစာက တစ်ပါးထဲ တာဝန်ယူ လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာတော့ တခြားသံဃာတွေနဲ့ လူပုဂ္ဂိုလ်က အလှည့်ကျ တာဝန်ယူ လုပ်ကိုင်ကြမှာလို့လည်း အရှင်မေတ္တာစာရက ပြောပေါတယ်။
နောက်ပိုင်းမှာ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေနဲ့ တိုက်ရိုက်တရားဟော အစီစဉ်တွေကိုလည်း ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓ FM အွန်လိုင်း ရေဒီယိုကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်လွင့်မယ်လို့ အရှင်မေတ္တာစာရက အခုလို ဆက်ပြောပါတယ်။
အခု တောင်းဆိုထားတာတွေက မလေးရှား တရုတ်နဲ့ အင်ဒိုနီးရှား တရုတ်တွေကလည်း နားထောင်ချင်တယ်၊ အင်ဒိုနီးရှား ဗုဒ္ဓဘာသာတွေက အများကြီး၊ ထေရ၀ါဒ ဗုဒ္ဓဘာသာရော၊ မဟာယန တွေရော အများကြီးရှိတယ်။
ဗုဒ္ဓ FM ဆိုပြီးတော့ နာမည်ပေးထားတာ၊ ပေးထားတဲ့ အတွက်ကြောင့်မို့ ဦးဇင်းက အချို့အပိုင်းတွေကျတော့ မခွဲနိုင်တော့ဘူး၊ မဟာယနတွေ ဘာတွေ ညာတွေ အဲ့ဒီလို ခွဲလို့မရတော့ဘူး၊ သူတို့ တောင်းတဲ့ဟာတွေ မှန်သမျှ ဦးဇင်းက လွှင့်ရလိမ့်မယ်။ "
ဗုဒ္ဓ FM အွန်လိုင်းရေဒီယိုကို http://buddhafm.blogspot.com/ အင်တာနက်စာမျက်နှာမှာ တိုက်ရိုက်နားဆင်နိုင်ပြီး လာမယ့် ၂ ပတ်လောက်ကစလို့ www.buddhafm.com အင်တာနက် ပြောင်းလဲ နားဆင်နိုင်မယ်လို့ သိရှိရပါတယ်။
DVB