ဒုဋ္ဌဂါမဏိ ခရီးစဉ်
လွတ်တော်အမတ်ဘုန်းကြီး၏ ပင့်ဖိတ်ချက်အရ အနုရာဓပူရသို့ ကိုယ်တော်သုံးပါးနဲ့အတူ ခရီးဆက်ခဲ့ပါတယ်။ ဒုဋ္ဌဂါမဏိမင်းအတွက် လို့ ဆိုရမှာပါ။ ဒုဋ္ဌဂါမဏိမင်းကား သာသနာ့အဆောက်အအုံတွေကို ဖျက်စီးနေခဲ့သော ကျေးကလားခေါ် တမီးလ်များကို အနိုင်ယူခဲ့သူ။ အဆက်ပြတ်လုလုသာသနာတော်ကို အသက်သွင်းခဲ့သူ။ တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့သူ။ သူ့အား သမိုင်းထဲက ပြည်သူတွေက သမိုင်းတွင်အောင်လုပ်ခဲ့လို့ လေးစားခဲ့ကြတယ်။ သူ့သမိုင်းဟာ ကောင်းခဲ့လို့ လက်ရှိလူတွေ ဆက်ဖတ်နေကြတယ် လေးစားနေကြတယ်။
သီရိလင်္ကာအစိုးနဲ့ ပြည်သူတွေက ထိုဒုဋ္ဌဂါမဏိမင်းကို ပြန်လည်အသက်သွင်းဖို့ လုပ်နေကြပြန်ပြီ။ ရုပ်ရှင်ဇာတ်ကားရိုက်ပြီး ပြန်လည်အောက်မေ့ သတိယစေမှာပါ။ The King Dutugemunu အမည်ရ ဇာတ်ကားကို အစိုးရက ငွေအမြောက်အများသုံးစွဲပြီး ရိုက်မှာပါ။ ဒီဇာတ်ကားအတွက် နာမည်ကြီးသရုပ်ဆောင်တွေကို ရွေးချယ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ၀န်ကြီးတွေ၊ ပါတီခေါင်းဆောင်တွေ တက်ရောက်ဖွင့်ပေးခဲ့ကြတယ်။ ဘကြီးဘကြီးတို့က အပ်ကြောင်းထပ်နေတဲ့မေတ္တာသုတ်ရွတ်ပေးကြရသလို စိတ်ပျက်စရာကောင်းတဲ့ ကုလားအိုးစည်ဗုံးမောင်းသံတွေနဲ့ လူရှေ့လမ်းလျှောက်ပြပြီးအပူဇော်ခံကြရတယ်၊ ပြောကြဟောကြတာ လေကြောရှည်ကြတဲ့အတွက် ခေါင်းမူးခေါင်းကိုက်ဝေဒနာတွေကိုလည်း တော်တော်ခံစားခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါရိုက်တာနဲ့ မင်းသားကို ရင်းနီးမှုတွေတည်ဆောက်နိုင်ခဲ့တာဟာ ကိုယ်လုပ်မယ့်အလုပ်အတွက် အားဆေးဖြစ်စေခဲ့ပါတယ်။

်
...

ဒါရိုက်တာ ဂျရန်သချန်ဒရဆီရိနဲ့အတူ
ဒုဋ္ဌဂါမဏိမင်းအဖြစ်သရုပ်ဆောင်မည့် မင်းသား ထူမိန်ဒ
်
နာမည်ကြီးမင်းသမီး ယရှောဒ(အလယ်) နှင့် ဒုဋ္ဌဂါမဏိမင်း၏ နောက်ထပ် မိဖုရားခေါင်
သရုပ်ဆောင်ဆရိယန်ထ မဲန်းဒီးစ်နဲ့ ကုဆုန် ရေးနု