အမေရိကန် သမ္မတကတော် Michelle Obama မွမ်ဘိုင်း တက္ကသိုလ် လာမည်
Ashin Mettacara
|
Wednesday, November 3, 2010
|
နိုဝင်ဘာလ (၆) ရက်နေ့မှာ အမေရိကန် သမ္မတကတော် Michelle Obama ဟာ မွမ်ဘိုင်း တက္ကသိုလ်ရဲ့ စာကြည့်တိုက် လာရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ မွမ်ဘိုင်း တက္ကသိုလ် စာကြည့်တိုက်ဟာ အိန္ဒိယ နိုင်ငံမှာ သတ်တမ်းအရင့်ဆုံး ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကို ၁၈၅၇ မှာ စတင်တည်ထောင်ခဲ့ပြီး ၁၈၈၀ မှာ လုပ်ငန်းတွေလည်ပတ်ခဲ့ပါတယ်။
်ွမွမ်ဘိုင်းတက္ကသိုလ်စာကြည့်တိုက်မှာ Michelle Obama ဟာ အစိုးမဟုတ်တဲ့ MAD (Making A Difference)လို့ အမည်တွင်တဲ့ အဖွဲ့အစည်းက လူငယ်တွေနဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်းတွေကို အားပေးဆွေးနွေးမှာ ဖြစ်ပါတယ်။ တရုတ်က သူပိုင်တယ်လို့ မကြားတကြား ပြောဆိုနေတဲ့ အာဆမ်၊ မီဇိုရမ်၊ နာဂလင်း၊ မနိပူ စတဲ့သမိုင်းတွေကို စာကြည့်တိုက်မှာ လေ့လာကောင်း လေ့လာနိုင်ပါတယ် လို့ လူပြောသူပြော အရ သိရပါတယ်။
နိုဝင်ဘာလ (၇) ရက်နေ့မှာတော့ သမ္မတ Obama ဟာ မွမ်ဘိုင်းမြို့ပေါ်ရှိ St Xvier College သွားရောက် လည်ပတ်ပြီး ကျောင်းသား ၃၀၀ကျော်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေနဲ့လည်း သီးသန့်တွေ့ဆုံးပြီး နိုင်ငံရေးအကြောင်းတွေ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ကျင်းပမည့် မြန်မာ့ရွေကောက်ပွဲအကြောင်းကို ပြောဆိုကောင်း ပြောဆိုနိုင်ပါတယ်။
![]()


