ယနေ့ ကမ္ဘာကို တုန်ခါလိုက်သူ Rebecca Black
Ashin Mettacara
|
Saturday, April 23, 2011
|

23/04/11ဂျက်ကီချမ်းရဲ့ ဂျပန် ငလျင်ဒဏ်ခံရသူတွေအတွက် ရန်ပုံငွေလုပ်တဲ့ပွဲကို Youtube ပေါ်ဝင်ကြည့်မိပါတယ်။ တရုတ်စာတွေ စာတွေကြားထဲမှာ Rebecca Black - Friday (OFFICIAL VIDEO) တစ်ခုတွေ့မိလို့ ၀င်ကြည့်လိုက်တယ်။ ကွန်မန့်တွေ အများကြီးနှင့် Youtube Viewer က 116,590,004 ။ ဒါနဲ့ Wikipedia မှာ သူ့အကြောင်း သွားဖတ်ကြည့်တော့ သိပ်ပြီးဖော်ပြထားတာ မတွေ့ရပါဘူး။ ယနေ့မှ နာမည်ကြီးမှန်းသိသွားတယ်။ ကွန်မန့်တွေမှာတော့ အဆိုးဝါးဆုံးစကားလုံးတွေ စက္ကန့်တိုင်း တက်နေပါတယ်။ သူမဆိုထားတဲ့ ဒီသီချင်းကို ဂီတမဟုတ်ဘူးလို့ပဲ ပြောချင်ပြော၊ အရူးမလေးလို့ပဲ ပြောချင်ပြော ဒါပေမယ့် နာမည်ကြီးသွားပြီလေ MTV ဆုအတွက်တောင် လျာထားပြီးသွားပြီ။ သူမကို သတ်ဖို့ ခြိမ်းခြောက်စာတွေကလည်း တစ်ပုံတစ်ပင်ပါတဲ့။ အမှီးပေါက်မလေးတွေအသည်းစွဲ ဂျပ်စတင်းဘီဘာနှင့်တောင် တွဲဆိုချင်ပါသေးတယ်တဲ့။ အငြင်းပွားဖွယ်ရာတွေ ဘာတွေပဲ ပြောနေ ပြောနေ ဒီကနေ့ သူမက ကမ္ဘာကြီး တုန်ခါပစ်လိုက်ပါပြီ။ စိတ်ဝင်စားသူများ ရော့လင့် http://www.youtube.com/watch?v=CD2LRROpph0&feature=related
![]()
Filed Under: Entertainment , Feature

