Wecome to 2012
Ashin Mettacara
|
Saturday, December 31, 2011
|
၂၀၁၁ ခုနှစ်ဟာ ဒီနေ့မှာ ကုန်ဆုံးခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်မှာ ဘာတွေလုပ်ခဲ့လဲလို့ ကိုယ့်ဟာကို ပြန်မေးရပါမည်။ ၂၀၁၁ နှစ်အစ ဖေဖ၀ါရီလမှာ တက္ကသိုလ်ရဲ့ ယူဂျီစီ စာမေးပွဲတွေကို အောမြင်ခဲ့သည်။ ဘုန်းတော်ကြီးဒလိုင်းလားမား လာတဲ့အချိန်မှာလည်း တက္ကသိုလ်ကိုယ်စားပြု စပီကာ အဖြစ်ရွေးချယ်ခံရသလို နောက်ရက်နေ့မှာလည်း ဒလိုင်းလားမားနှင့် သီးသန့် ၁ နာရီကျော်ကြာတွေ့ဆုံခွင့်ကို ရရှိခဲ့ပါသည်။ ဒလိုင်းလားရဲ့ အစိုးရနဲ့နဲ့လည်း ဆက်ဆံရေးတွေကို တိုးမြှင့်လုပ်ဆောင်လုပ်ဆောင်လာနိုင်ငံခဲ့သည်။
သို့သော် တစ်ခြားတစ်ဘက်မှာတော့ လူမှုရေးပိုင်းမှာ အားနည်းသွားခဲ့ပါသည်။ မိသားစုက စလို့ မိတ်ဆွေအပေါင်းအသင်းနဲ့ လုံးဝ လုံးဝ အဆင်ပြေခဲ့တာ မဟုတ်ပါ။ စိတ်ဖီးစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို ရင်ဆိုင်ခဲ့ရပါသည်။
နောက် ကိုယ်တည်ထောင်တည်ထားတဲ့ Buddha FM ဟာ ဖရိုဖရဲနဲ့ ကိုးရိုးကားယား ခရီးဆက်နေတာတွေကို တွေ့ရပြန်တော့ ကိုယ်တိုင် ၀င်ပါရပြန်သည်။ ကိုယ်တိုင်ဝင်မပါဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကိုယ်လုပ်ထားတဲ့ကိစ္စမို့ ကိုယ်တိုင်ပဲ တာဝန်ယူရမည် မဟုတ်ပါလား။ ဆုံးဖြတ်ချက်တွေဟာ စောလွန်းတယ်လို့ ထင်ကြပေမယ့် ရေရှည်အတွက်တော့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆပါတယ်။ ပြဿနာဆိုတာ ရှောင်လွဲလို့ ရသည့် အရာ မဟုတ်။ ပြတ်ပြတ်သားသား ဖြေရှင်းမှသာ နောင်ရေးအတွက် စိတ်အေးရမည်။ မြန်မာလူမျိုး အများစုဟာ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို လျောထွေးနေကြတယ်။ ဒီလို ကိစ္စမျိုးမှာ အလုပ်ကို ထိခိုက်လာယင်တော့ မိသားစု အရင်း၊ မိတ်ဆွေအရင်း ဖြစ်စေ လုံးဝ ခွင့်မလွှတ်နိုင်ပါ။
Buddha FM ဆိုတာ ပြည်ပရောက်မြန်မာများအတွက် တရားလွှင့်သူတွေ ကိုယ်ပိုင်ငွေစိုက်ထုပ်ပြီး ကုသိုလ်ပေးနေတဲ့ အွန်လိုင်းရေဒီယိုစတေးရှင်း တစ်ခု ဖြစ်ပါသည်။ Buddha FM နှင့်ပါတ်သက်ပြီးပြောရမည်ဆိုလျှင်တော့ ဒီနှစ်မှာ အောင်မြင်တွေ များခဲ့ပါတယ်။ ၂ နှစ်ပြည့်အထူးအစီစဉ်ကို ပြုလုပ်နိုင်ခဲ့သလို လူမှုရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်ငံခဲ့ပါသည်။ Buddha FM ရဲ့ လိုင်းအသစ်ကို နည်းပညာအသစ်နဲ့ မိတ်ဆက်နိုင်ခဲ့သလို၊ ပိုပြဲီး နည်းပညာပိုင်းမှာ မြှင့်လာခဲ့ပါသည်။ တစ်ဘက်မှာတော့ လူအင်အား ငွေအင်းအားဟာ ချို့ယွင်းနေဆဲ။ တစ်ချို့သူအတွက်တော့ Buddha FM ကို အသေးအမွှားတစ်ခုလို မြင်နေကြမယ့် တကယ်တော့ အနာဂါတ်ကို ကြည့်တတ်ယင် Buddha FM ဟာ အသေးအမွှားတစ်ခု မဟုတ်ပါဘူး။ အနာဂါတ်ကာလမှာ ရေဒီယိုစက်တွေ၊ တီဗီစက်တွေကို ဘယ်သူကမှ အသုံးပြုကြတော့မှာ မဟုတ်ဘူးဆိုတာ ကြိုပြီး သိထားဖို့လိုအပ်သည်။ မိုဘိုလ်းဖုန်းတစ်ခုရှိယင် အနာဂါတ် ၁၀ နှစ်အတွင်းမှာ အရာ အားလုံးဟာ ပြည့်စုံပါလိမ့်မည်။ ဒါကြောင့် Buddha FM App တစ်မျိုးပြီး တစ်မျိုးထုတ်လုပ်နိုင်ခဲ့သည်။ ဒီနေရာ ဖိလစ်ပိုင်က ဒိုင်နီယိုဒါတ်စ်ကို ကျေးဇူးတင်ရမှာပါ။ သူဟာ ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် ဦးဇင်းလုပ်ချင်တဲ့ပုံစံတွေကို ဒီဇိုင်းတွေကို ရေးဆွဲနိုင်ခဲ့သလို ပရိုရမ်မင်းဘက်မှာလည်း ကူညီခဲ့ပါသည်။ ယခုဆိုယင် Buddha FM ကို Ipad၊ Iphone၊ Android အပါဝင် OS အကုန်လုံးနှင့် နားထောင်နိုင်ပြီ ဖြစ်ပါသည်။
အခုဆိုယင် Buddha FM ကို တစ်ကမ္ဘာလုံးနေ နားဆင်နိုင် နာယူနေနိုင်ကြပါပြီ။ ဘယ်နိုင်ငံတွေက နားဆင် နာယူကြသလဲဆိုယင် နိုင်ငံပေါင်း ၄၆ နိုင်ငံ ရှိခဲ့ပြီး အရေအတွက်အားဖြင့် သန်းဂဏာန်းထိ ရှိခဲ့ပါတယ်။ သူတို့တွေဟာ Budddha FM ဆိုက်ကို သီးသန့်လာရောက်စရာမလိုပဲ တူးဘားကနေတစ်ဆင့် pop pup players များဖြင့်တစ်ဆင့် နားဆင်နေကြတာပါ။ Buddha FM ဟာ တစ်ခုတည်းသော ဖေ့စ်ဘွတ်ကနေတိုက်ရိုက် နာယူနိုင်တဲ့ အွန်လိုင်းရေဒီယိုစတေးရှင်း ဖြစ်သလို မည်သည့်ဆော့ဝဲလ်မှ အင်စတောလုပ်စရာ မလိုပဲ နားဆင်နိုင်အောင် ပြုလုပ်ထားပါသည်။ Buddha FM TV ကို လွှင့်နိုင်အောင် ကျိုးစားနေပါသည်။ လူအင်အား ငွေအင်အား လိုအပ်နေသေးတာမို့ အမြဲမထုတ်လွှင့်နိုင်သေးပါ။ Buddha FM အနေနှင့်လည်း မည်သည့် အဖွဲ့စည်း လူပုဂ္ဂိုလ်တွေ အားကိုးအားထားပြုနေတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ပါ။ Buddha FM မှာ သီးသန့် ရုံးခန်း မရှိပါ၊ စားပွဲကုလားထိုင် မရှိပါ၊ ကင်မရာ တစ်လုံးမှမရှိပါ။ အွန်လိုင်းဘေ့စ် အဖွဲ့အစည်း သီးသန့်တစ်ခုမျှသာ ဖြစ်ပါသည်။ ထို့ကြောင့် လူအင်အား ငွေအင်းအား နည်းပါးရသည့် အကြောင်းရင်းဖြစ်ပါသည်။
မည်သို့ပင် အခက်အခဲမျိုးတွေ ရှိနေပါစေ။ Buddha FM ဟာ ဒီနှစ် မှာ (၂)နှစ်ပြည့် အထူးအစီစဉ်ကိုလည်း စင်္ကာပူတိုးပါးရိုးကျောင်းတိုက်မှာ ကျင်းပနိုင်ခဲ့သလို၊ မဖြူဖြူသင်းရဲ့ HIV AIDS ဂေဟာကိုလည်း လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။ နောက်ပြီး Buddha FM ရဲ့ နည်းပညာအသစ်တွေဟာလည်း တစ်ခုပြီး တစ်ခု ထွက်ရှိလျက်ရှိပါသည်။ ယခုဆိုယင် ဘာသာရေးစည်းကမ်းတင်းကြပ်တဲ့ အရှေ့အလယ်ပိုင်းဒေနိုင်ငံတွေနှင့် တောင်အာရှ၊ အာဖရိကနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေနဲ့ ပင်လည်ထဲမှာ သဘောင်္လိုက်နေကြတဲ့ မြန်မာအတွက် အားကိုး အားထာရာ တစ်ခု အဖြစ် Buddha FM ဟာ မရှိမဖြစ်တဲ့ အားကိုးအားထားရာ တစ်ခုအဖြစ်တစ်ရှိနေပါပြီ။ ဒီအကျိုးကျေးဇူးတရားအားလုံးဟာ Buddha FM ၀ိုင်းတော်သူ ၀ိုင်တော်သားတွေရဲ့ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်ကနေ မအားလပ်သည့် ကြားကနေ ထုတ်လွှင့်ပေးနေကြတဲ့ ကျေးဇူးကြောင့် မဟုတ်ပါလား။ ၂၀၀၉ ကနေ စပြီး လက်ရှိထုတ်လွှင့်နေကြသူအားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ်။
အားလုံးကို အားပေးစကားပြောချင်တာက မဟတ္တမ ဂန္ဓီကြီးရဲ့စကားတစ်ခွန်းပါ။ "First they ignore you, then they laugh at you, then they fight you , then you win" ။ ဒီလောက်နဲ့ပဲ ၂၀၁၁ ခုနှစ်ကို နှုတ်ဆက်က်ယင်း ၂၀၁၂ နှစ်ကို ကြိုဆိုကြပါစို့။
အားလုံးကို ကျေးဇူးတင်လျက်။
အရှင်မေတ္တစာရ