ဗုဒ္ဓဘာသာတို့ရဲ့ စစ်သူကြီး အရှင်ဝီရသူ ပြန်လာပြီ
Ashin Mettacara
|
Friday, January 13, 2012
|
အရှင်ဝီရသူဟာ ၂၀၀၃ နှစ် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်လက်ထက် စစ်ထောက်လှန်းရေးတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီနေ့ မနက် ၉ နာရီမှာ မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာပါတယ်။ အရှင်ဝီရသူ လွတ်မြောက်လာတာဟာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာနဲ့ အများကြီးကွာခြားပါတယ်။ သူ့ကို ထောက်ခံသူတွေဟာ သံဃာတော်များ ဗုဒ္ဓဘာသာများဝင် ဖြစ်ပါတယ်။ သူ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်တင်ရေး တရားဟောတဲ့အတွက် အဖမ်းခံခဲ့ရတာပါ။ အခု စစ်သူကြီးဟာ ပြန်လာပါပြီ။ ဗုဒ္ဓဘာ စစ်သူကြီးအား ဦးညွှတ်လျက်ပါ ဘုရား။ ဗုဒ္ဓဘာသာစစ်ပွဲက မပြီးဆုံးသေးပါဘူး။ အခုမှ စမှာပါ။
![]()










