Statement ထုတ်ရန် ရှိ

အရှင်ဝီရသူနဲ့ အရှင်မေတ္တာစာရတို့ ပူးတွဲ Statement ထုတ်ပြန်သွားဖို့ ရှိပါတယ်။ ဒီနေ့ညမှာပဲ ထုတ်ပြန်သွားပါမယ်။ အရှင်ဝီရသူဆိုတာကိုလည်း ဗဟုသုတ နည်းပါးတဲ့သူများ အရှင် ဂမ္ဘီနဲ့ မမှားကြဖို့ မေတ္တာရပ်ခံအပ်သည်။ အရှင်ဂမ္ဘီရကတော့ သတင်းမီဒီယာလောက ခေတ်စားတဲ့အချိန် ရွှေဝါရောင် တော်လှန်းဆရာတော် တစ်ပါး ဖြစ်ပြီ။ အရှင်ဝီရသူဆိုတာကတော့ သံဃာတော်များရဲ့ စစ်သူကြီးဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၂ ပါးစလုံးကို နိုင်းယှဉ်ဖို့တော့ ခက်လိမ့်မယ်။ သတင်းမီဒီယာတွေ ခေတ်မစားသေးတဲ့အချိန်မှာ သူဟာ သက်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်းနန်းစံသွားခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေလွတ်လာမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူ့ကို လွတ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပဲ ဒီနေ့မှာ ဆရာတပည့် ၂ ပါးစလုံးဟာ လွတ်မြောက်လာပါတယ်။ အကျဉ်းကျ နိုင်ငံရေးသမားလွတ်မြောက်လာလို့ သူဟာ မီဒီယာနဲ့ လောလောဆည် ဝေးကွာခဲ့ပေမယ့် အရင်တုန်းကလည်း အစိုးရကြောက်ရသလို အနာဂါတ်မှလည်း အစိုးရ ကြောက်ရတဲ့ သူ ဖြစ်လာအုံးပါ။ အမျိုး ဘာသာ သာသနာ အတွက်ဆို ကျုပ်တို့က ၂ ဘက် ခွမထိုင်ဘူး၊ ကြားမနေဘူး၊ ဘက်မလိုက်ဘူး။ စစ်သူကြီး ၀ီရသူကို လိုအပ်တဲ့အကူညီပေးသွားနိုင်အောင် လုပ်ဆောင်သွားမယ်။ 
လေးစားလျက်၊
အရှင်မေတ္တာစာရ

Filed Under:

About the Author

Ashin Mettacara